Thursday, February 12, 2026

စစ်ကောင်စီ

မြောက်ပိုင်းခေါ်သံနှင့် နွေဦးတော်လှန်ရေး၏ ဟန်ချက်ညီစစ်ဆင်ရေး

နိဒါန်း စစ်အာဏာသိမ်းကာလအစကတည်းက လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူလူထု၏ နွေဦးတော်လှန်ရေးသည် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်နှိမ်နင်းဖြိုခွင်းမှုများကြောင့် မိမိကိုယ်ကို ခုခံ ကာကွယ်နိုင်ရေးမှ ရရာလက်နက်စွဲကိုင်တော်လှန်ရေးအထိ အရွေ့အပြောင်းမြန်ဆန်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် “တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ခုခံတော်လှန်စစ်” ဆင်နွှဲ ကြရန် ကြေညာသည်အထိ အာဏာသိမ်းစစ်အုပ်စုအား...

လားရှိုးစစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ သေဆုံးမှုရှိ

သျှမ်းပြည် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ပြီး သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် အမတ-၃၄၆ အမြောက်တပ်၊ ခလရ-၄၁ တပ် နှင့် ခမရ-၅၀၇ တပ်တို့ကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာ ၁၁ ရက် ညအချိန်တွင် ဒရုန်းဖြင့်...

စစ်ကောင်စီ မှ အရပ်သားများကို MNDAA ၊ TNLA နှင့်(SSPP/SSA) စစ်ဝတ်စုံများကို ချုပ်ခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီက မြို့အတွင်းနေထိုင်နေသည့် အရပ်သားများကို MNDAA ၊ TNLA နှင့်(SSPP/SSA) စစ်ဝတ်စုံများကို ချုပ်ခိုင်းနေကြောင်း The Kokang တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီမှ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်ပြီး MNDAA ၊ TNLA နှင့် (SSPP/SSA) အပေါ်စွတ်စွဲချက် ကြံစည်နိုင်ကြောင်းခန့်မှန်းသုံးသပ်ပြီး၊ ပြည်သူများလူထုများ...

“ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်သို့ စစ်ရှောင်များ ထပ်မံရောက်ရှိလာ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် “ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ထပ်မံ ရောက်ရှိနေကြောင်း စစ်ရှောင်ကောင်မတီထံမှ စုံစမ်းသိရသည်။ ယခုရက်ပိုင်းကာလအတွင်း သျှမ်း-ကရင်နီ နယ်စပ် တလျောက်နှင့် ကရင်နီ (ကယား) ပြည်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး “...

ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံထားသည့် ပြည်သူများ၏ ငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရန် စီမံဆောင်ရွက်နေကြောင်း NUG ပြော

ကြားကာလတွင် ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်လျက်နေကြောင်း ဒေသများရှိ ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံထားသည့်ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရန် စီမံဆောင်ရွက် နေကြောင်း အမျိုးသားညီညွတ်ရေးအဆိုးရ (NUG)က ယနေ့ (နိုဝင်လာလ ၁၃) ရက်တွင် အသိပေးကြေညာခဲ့သည်။ အောက်တိုဘာလမှ စတင်ပြီး အရှိန်မြင့်တက်လာခဲ့သော ပြည်သူ့ နွေဦးတော်လှန်ရေး၊ အကောင်ထည်ဖော် လျက်ပြီး...

သိန္နီမြို့နယ် ထွက်ပြေးတိမ်းရှောင်သူများထံ လက်နက်ကိုင်တပ်ဖွဲ့မှ ဆက်ကြေးကောက်

သျှမ်းပြည် သိန္နီမြို့မှ လားရှိုးမြို့သို့ တောလမ်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်သူများထံ လက်နက်ကိုင်တပ်ဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း သတင်းသိရှိရသည်။ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် သိန္နီမြို့အတွင်း ပိတ်မိနေကြသူများနှင့် စစ်ရှောင်များသည် ယခုရက်ပိုင်းအတွင်း ကျေးလက်ဒေသ ကျေးရွာတစ်ရွာမှတစ်ဆင့် နမ့်တူချောင်းကိုဖြတ်ကာ တောလမ်းအတိုင်း ခက်ခက်ခဲခဲဖြင့် လားရှိုးမြို့ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း...

“ဒီစစ်ပွဲက တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုထဲက စစ်ပွဲမဟုတ်နေဘူး”

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့ကို စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများက နိုဝင်ဘာ ၁၁ရက်တွင် ထုတ်ပြန်လာသည်။ ၎င်းထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်အနှံ့အပြားမှ စစ်ရေးပဋိပက္ခများ၊ တရုတ်၏ ပိုးလမ်းမ စီမံကိန်း BRI လမ်းကြောင်းနှင့် ဆက်စပ်သည့် မြို့နယ်များတွင် ဖြစ်ပွားနေသည့် နယ်မြေထိန်းချုပ်မှုဆိုင်ရာ...

ကျောက်မဲ နောင်ပိန် ပြည်သူများ ရွာကနေ ထွက်ပြေးတိမ်းရှောင်ရန် ညီနောင်မဟာမိတ်များပြော

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်း နေထိုင်သည့် ပြည်သူများကို ယနေ့ (နိုဝင်ဘာ ၁၃)ရက် နံနက် ၁၁နာရီအပြီး ထွက်ပြေးတိမ်းရှောင်ရန် ညီနောင် မဟာမိတ်တပ်ဖွဲ့က လာရောက်အကြောင်းကြားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နှင့် နောင်ချိုမြို့အကြားရှိ နောင်ပစ်လမ်းခွဲတွင် ညီနောင်မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မန္တလေး-PDF တို့ တပ်စွဲထားသည်။ ထို့ကြောင့်...

အင်းသားအမျိုးသားနေ့ကို အဌမအကြိမ်မြောက်အဖြစ် ညောင်ရွှေမြို့တွင်ကျင်းပ

သုံးနှစ်တာ ရပ်နားခဲ့ရသည့် အင်းသားအမျိုးသားနေ့ကို ညောင်ရွှေမြို့တွင် နိုဝင်ဘာလ ၁၁ ရက်မှ စတင် ကျင်းပနေပြီး နိုဝင်ဘာလ ၁၃ ရက်တွင် အင်းသားအမျိုးသားနေ့ အခမ်းအနားကျင်းပသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွင် နှစ်စဉ်တန်ဆောင်မုန်းလဆန်း တစ်ရက်နေ့ကို အင်းသားအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ဘုံကထိန်များ၊ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ နိုဝင်ဘာလ ၁၂ရက်...

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဓနု PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး၊ နှစ်ဦး ထိခိုက် ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့ မြို့သိမ်းတိုက်ပွဲတွင် ဓနု PDF ရဲဘော် ၂ ဦး ကျဆုံးပြီး၊ ၃ ဦးထိဒဏ်ရာ ရရှိခဲ့ကြောင်း ၁၀၀၃ တပ်ရင်း ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။ သျှမ်းပြည် ကွမ်းလုံမြို့ နိုဝင်ဘာလ ၁၀ ရက် စခန်းကုန်းတိုက်ပွဲကို အမှတ် ၁၀၀၃...

Latest news