ကျောက်မဲ အရပ်သား ၁ ဦး လက်နက်ကြီးထိ သေဆုံး၊ နောင်ပိန်ဂုတ်တွင်း တိုက်လေယာဉ် ဗုံးကျဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်မဲမြို့တွင် အရပ်သား ၁ ဦး သေဆုံးပြီး ၊နောင်ပိန်တိုက်နယ်၌ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ပိန် ဗုံးကျဲတိုက်ခိုက်ခံရ

ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၂ နှင့် တအာင်း(ပလောင်) TNLA တပ်ဖွဲ့တို့မှ ယမန်နေ့ (နိုဝင်ဘာ ၁၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူနေထိုင်ရာ ကျေးရွာအတွင်းသို့ ကျရောက်ပြီး အသက် ၄၀ အရွယ်ရှိ စိုင်းထွန်းကျော် ဆိုသူ အမျိုးသား ၁ ဦး ထိမှန်သေဆုံးသွားခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“လက်နက်ကြီးကတော့ နေရာတိုင်းကို ကျနေတာပဲ၊ ပါပုတ်၊ ပြိန်းခါး၊ နောင်ပိန်၊ နောင်ပစ်ဘက်တွေလဲ ကျတယ်။ ဘယ်လိုမှ ပြောလို့မရတော့ဘူး။ မနေ့ နေ့လယ်က မိုင်းငေါ့သွားတဲ့ဘက်က လွယ်ခွင်တောင်ဘက်လဲ ကျတာ။ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကို မှန်တာ၊ ခြေထောက်နဲ့ ရင်ဘက်ကိုထိပြီး ဆုံးသွားတယ်”ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ပိန် ဗုံးကျဲတိုက်ခိုက်ခံရ

ယနေ့ (နိုဝင်ဘာ ၁၅ ရက်) နေ့လည် ၁၂ နာရီခန့်ကလည်း စစ်ကောင်စီတပ်မှ နောင်ပိန်ဂုတ်တွင်းအနီး စခန်းချထားသည့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့အား Mi-35 တိုက်လေယာဉ် ၂ စီးဖြင့် တပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဇီးပင်စခန်း၊ ခေါက်ခက်၊ ပင်တီး၊ ပင်တိန်ကျေးရွာတို့မှ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားကြောင်း နောင်ပိန်ဒေသခံများထံမှ သိရသည်။

“ဒီနေ့လယ် ၁၂ နာရီလောက်က စစ်တပ်က နောင်ပိန်ဂုတ်တွင်းတဝိုက်ကို Mi-35 တိုက်လေယာဉ် ၂ စီးနဲ့ ပြိုင်တူ ဗုံးလာကြဲတာ၊ အခုဗုံးကျတဲ့နေရာက တရုတ်ပိုက်လိုင်းရဲ့ ဓာတ်ငွေ့တွန်းအားပေးတဲ့ စခန်းနားမှာ ကျတာဆိုတော့ သူ့ကိုထိလား မထိလား သေချာမသိသေးဘူး၊ ဘေးနားက ဧဒင်စားသောက်ဆိုင်နဲ့ ၁၀ အိမ်လောက်တော့ ဗုံးမှန်ပြီး ပျက်စီးသွားတယ်”ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တိုက်လေယာဉ်မှ ယခုကျဲချသည့်ဗုံးသည် နောင်ပိန် ဇီးပင်စခန်းနှင့် ပင်တီးအကြားရှိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုင်းလိုင်း၏ ဓာတ်အားတွန်းပို့ရုံအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာ ၁၄ ရက်)ကလည်း သီပေါမြို့နယ် ကျင်သီကျေးရွာတွင်လည်း စစ်ကောင်စီတပ် ခလရ-၂၃ မှ ရမ်းသမ်းပစ်ခတ်လာသည့် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းမုခ်ဦးနှင့် မီးတိုင်များလဲ ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို အစွမ်းကုန် ထိုးဖောက်လျက်ရှိရာ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲပြင်းထန်နေသည်။

နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် ယခုဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်သည် အောင်ဓမ္မာရုံ၊ ပုဗ္ဗာရုံ၊ ကုန်းညောင်၊ ထန်းတပင်၊ ဖီတစ်ခေးနင်း၊ လွယ်ကုံ စသည့် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...