လားရှိုးတက္ကသိုလ်ရှိ အဝေးသင်စာမေးပွဲများ အားလုံး ရပ်ဆိုင်း။

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့‌‌ရှိ လားရှိုးတက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ၂၀၂၃-ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တတိယအသုတ် မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းများ အားလုံး၏ စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်၏ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁၆ရက် ယနေ့မှ စတင်၍ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင် မှ လက်မှတ်‌ရေးထိုး ထုတ်ပြန်ခဲ့ပြီး ပြန်ဖွင့်မည့်ရက်စွဲ မပါပေ။

” ဘယ်လို ဆက်လုပ်မလဲတော့ မသိဘူးပေါ့နော် ညီမတို့က ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရင်း လာဖြေရတာ စာကျက်မှတ်ရတာတော့ အခက်အခဲ အများကြီးရှိတာပေါ့ မာရှယ်လောကလည်း ထုတ်ခံထားရတာဆိုတော့ သူငယ်ချင်းတွေဆီ စာ‌သွားလုပ်ဖို့လည်း မလွယ်ဘူး‌ ပိတ်လိုက်တော့လည်း ကောင်းတာပါဘဲ”ဟု စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသူတစ်ဦးမှ သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် လားရှိူးမြို့တွင် ည ၆နာရီမှ မနက်၆နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လူ ငါး ဦးထက် ပိုမိုစုဝေးခြင်း မပြုရန်လည်း တားမြစ်ထားသည်။

သျှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ စခန်းကုန်း တစ်ရာကျော် လက်လွှတ်ဆုံးရှူံးထားပြီး တပ်ရင်းတပ်ဖွဲ့များမှလည်း လက်နက်ချ အညံ့ခံမှုများဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်ပိုင်း တိုက်ပွဲများဖြစ်ပွားရာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်များကိုလည်း လားရှိုးမြို့နှင့်အတူ စစ်အုပ်ချုပ်ရေး မာရှယ်လောကို စစ်ကောင်စီမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်ကလည်း ကရင်နီ (ကယားပြည်) လွိုင်ကော်တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင်တက္ကသိုလ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းကြောင်းလည်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...