ပိတ်မိနေသည့် Non CDM ဝန်ထမ်း ၁၃၄ဦးကို KNDF ကယ်ထုတ်ခဲ့

ကရင်နီပြည် (ကယား) လွိုင်ကော်မြို့တွင် ပိတ်မိနေသည့် လွိုင်ကော်တက္ကသိုလ် နှင့် စက်မှုကျောင်းက Non CDM ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ဦး ကို ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံမှ ဘေလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) က ထုတ်ပြန်ထားသည်။

Non CDM ဝန်ထမ်း ၁၃၄ဦးကို KNDF ကယ်ထုတ်ခဲ့

၁၁.၁၁ စစ်ဆင်ရေးကို စတင်ခဲ့သည့် ရက်မှစပြီး လျစ်လျူရှုစွန့်ပစ်ခြင်းခံ ရသည့် လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ၎င်းတို့ မိသားစု ဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွန့်ရေးများနှင့် အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှု အောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) က ယမန်နေ့ (နိုဝင်ဘာ ၁၅)ရက်တွင် ထုတ်ပြန်ထားသည်။

Non-CDM နှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှရေးသားဖော်ပြထားသည့် CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း Non CDM ဆိုင်ရာ ပြဌာန်းချက်များကို ကိုးကား၍ လူ့အခွန့်အရေးကို အခြေခံရ သော်လည်းကောင်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်လာလ ၁၁ ရက်မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ် တစ်လျှောက် အပါအဝင် တိုက်ပွဲများဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲကြောင့် ပြည်သူလူထုများ အရေးပေါ်ထွက်ပြေး တိမ်းရှောင်လာရပြီး ထိုစစ်ရှောင်များကို စစ်ကောင်စီဂိတ် ဖြစ်သည့် အောင်ပန်းကားဂိတ်မှ ဖြတ်ကျော်ခွင့်မပြုကြောင်း ဒေသခံများကပြောသည်။

ကျနော်က ခုဖယ်ခုံပိတ်မိတာ ၅ညအိပ်၆ရက်ရှိနေပြီး။ကားသမားတွေနဲ့ စုပြီးနေ နေရတာ။အကိုတို့ဘယ်မှကို သွားလို့မရဘူး။ထွက်သွားတဲ့ကားသမား တွေလည်း ခုထိ အဆက်အသွယ်ကို ပြန်မရသေးဘူး။”ဟု လမ်းတွင် ပိတ်မိနေသည့် လွိုင်ကော်-မန္တလေး ကားသမားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၁၁.၁၁ စစ်ဆင်ရေး တိုက်ပွဲများကြောင့် အောင်ပန်း၊ ဖယ်ခုံ၊လင်ဖုံလေးရွာတွင် ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...