Monday, May 6, 2024

စစ်ကောင်စီ တပ်သား ၃၂ ဦး KNDF ထံ လက်နက်ချ

Must read

လွိုင်ကော်မြို့ရှိ စစ်ကောင်စီ ၏တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း လက်ကျန် စစ်သား ၃ ၂ ဦးက လက်နက်ချခဲ့ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF မှသတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် KNDF မှ အခွင့်အရေးပေးပြီးနောက် တပ်ခွဲမှူး ဗိုလ်ကြီး ကောင်းမြတ် ဦးစီးသည့် စစ်သား ၃၂ ဦး အညံ့ခံခဲ့ပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းကြောင်း သိရသည်။

လွိုင်ကော် တက္ကသိုလ်တွင် တက်စွဲထားသည့် ခနရ ၄၂၅ မှလ တပ်ရင်းမှူးနှင့် ဒု-ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော် တပ်ရင်းတစ်ခုလုံးနီးပါး သုတ်သင်နိုင်ခဲ့ပြီး၊ ခမရ (၆) ၏ အင်အားတစ်ဝက်နီးပါးကို ချေမှုန်းနိုင်ခဲ့ သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က ဆိုသည်။

၁၁.၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်းကို ပုံနှင့်တကွ ထုတ်ဖော်ခဲ့သည်။

လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား KNDF တို့၏ စစ်ဖက်ဆိုင်ရာအက်ဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်း ထားရှိပါမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article