ကရင်နီ စစ်ရှောင်များ အောင်ပန်းဂိတ်ဖြတ်ကျော်ခွင့်မရ

သျှမ်း-ကရင်နီ နယ်စပ်တစ်လျှောက် ၁၁.၁၁ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်များ ကို အောင်ပန်းဂိတ် ဖြတ်ကျော်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။

နိုဝင်လာလ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ် တစ်လျှောက် အပါအဝင် တိုက်ပွဲများဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲကြောင့် ပြည်သူလူထုများ အရေးပေါ်ထွက်ပြေး တိမ်းရှောင်လာရပြီး ထိုစစ်ရှောင်များကို စစ်ကောင်စီဂိတ် ဖြစ်သည့် အောင်ပန်းကားဂိတ်မှ ဖြတ်ကျော်ခွင့်မပြုကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်တဲ့ စစ်ဘေးရှောင်တွေကို တောင်ကြီးဖက်ကို ပေးမဝင်ဘူး။ အခု စစ်ရှောင်တွေ လမ်းမှာ ပိတ်မိနေတယ်”ဟု အောင်ပန်းမြို့ ဒေသခံတစ်ဦးကပြောသည်။

၁၁.၁၁ စစ်ဆင်ရေး တိုက်ပွဲများကြောင့် အောင်ပန်း၊ ဖယ်ခုံ၊လင်ဖုံလေးရွာတွင် ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

“ကျနော်က ခုဖယ်ခုံပိတ်မိတာ ၅ညအိပ်၆ရက်ရှိနေပြီး။ကားသမားတွေနဲ့ စုပြီးနေ နေရတာ။အကိုတို့ဘယ်မှကို သွားလို့မရဘူး။ထွက်သွားတဲ့ကားသမား တွေလည်း ခုထိ အဆက်အသွယ်ကို ပြန်မရသေးဘူး။”ဟု လမ်းတွင် ပိတ်မိနေသည့် လွိုင်ကော်-မန္တလေး ကားသမားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်ကော်မြို့ နှင့် မြို့အစွန် ရပ်ကွက်တို့တွင်လည်း တိုက်ပွဲများကြောင့် မြို့ထဲတို့ စစ်ဘေးရှောင်လာ သူများရှိနေသည်။

“ကျနော်တို့ကတော့ သတိနဲ့နေ နေရတာပေါ့ မြို့အစွန်နားက ရပ်ကွက်တွေကနေ စပြီးပစ်နေကြတာ။ တခြားရပ် ကွက်နေကတော့ ကျနော်တို့စစ်ဘေးလာရှောင်နေတာရှိတယ်။ကျနော်တို့ကတော့ မြို့ပြင်ကို မထွက်ရဘူး၊ မြို့ပေါ်မှာရှိတဲ့ ဆိုင်တွေ အနည်းကျဉ်းတော့ ဆိုင်တွေဖွင့်ထားပါသေးတယ်” လွိုင်ကော်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီခဲ့သည့် (နိုဝင်ဘာလ ၁၃ ရက်နေ့ ) လွိုင်ကော်မြို့နယ်၊ နာနတ်တောရပ်ကွက်ဖက်မှာ စစ်ကောင်စီ ပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံးကြောင့် ပရဟိတအသင်းဝင်တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

သျှမ်-ကရင်နီနယ်စပ်တစ်လျှောက် ၁၁.၁၁ စစ်ဆင်ရေးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်မှ စတင်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား နှင့် ကလေးအပါအဝင် ၃၈ ဦးနှင့် အထက် သေဆုံးမှုရှိပြီး၊ ထိခိုက်ဒဏ်ရာရသူဦးရေ ၃၀ ဝန်းကျင်ထိရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်း-ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းပြီး “အမှတ်(၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ)”ဖွဲ့စည်း

0
သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားစုပေါင်းပြီး “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ (ဧပြီလ ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။ “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင်...