Tuesday, February 10, 2026

စစ်ကောင်စီ

သိန္နီမြို့ စစ်ရှောင်များ ရှိရာ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ကလေး ၁ ဦးသေ၊ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင် ခိုလှုံနေထိုင်ရာ ကျောင်းခမ်းပရိယတ္တိ စာသင်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ရှောင် ကလေးအမျိုးသမီး တစ်ဦး သေဆုံးပြီး၊ ၉ ဦးထက်မနည်းက ထိခိုက် ဒဏ်ရာများ ရရှိ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃) ရက် မွန်းလွဲပိုင်း...

သီပေါမြို့နယ် အမျိုးသားတစ်ဦး ကျွဲသွားရှာရင်း မိုင်းနင်းမိပြီး ညာခြေထောက်ပြတ်ခံရ

သျှမ်းပြည် သီပေါမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိရာမှ ညာခြေထောက်တစ်ဘက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လည် ၁ နာရီကျော်တွင် သီပေါမြို့နယ် မိုးတေကျေးရွာမှ အသက် ၂၈ နှစ်အရွယ်ခန့်ရှိ စိုင်းအောင်ကြံ ဆိုသူသည် မိုးတေတံတားအနီး ကျွဲသွားရှာရင်း မိုင်းနင်းမိရာမှ ညာခြေထောက်တစ်ဘက်ပြတ်...

လွိုင်ကော်မြို့ စစ်ကောင်စီမှ ပြည်သူပိုင်ပစ္စည်းများ ခိုးယူ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးနေဟုဆို

ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီ အဖွဲ့၀င်များမှ ဒေသခံနေအိမ်များ နှင့် ဆိုင်ခန်းများသို ဖောက်ထွင်း၀င်ရောက်ပြီး ပစ္စည်းများကို ခိုးထုတ်သယ်ယူသည့်အပြင် နေအိမ်များကို အရပ်၀တ်များဖြင့် လိုက်လံ မီးရှို့ ဖျက်ဆီးနေကြောင်း JOBS For Kayahနှင့် Kayah Assistant Teamမှ ဖော်ပြချက်များအရ သိရှိရသည်။ "၁၁.၁၁ စစ်ဆင်ရေး"...

သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ညီနောင်ဟာမိတ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့ အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့မှ ထိန်းချုပ်လိုက်ပြီဟု ကြေညာထားသော်လည်း သီန္နီမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၁၆) နှင့် ခလရ - ၆၉...

လားရှိုး၊ သိန္နီမြို့မှ စစ်ဘေးရှောင်များ ဘေးလွတ်ကင်းရာသို့ထပ်မံ ရွှေ့ပြောင်းနေ

သျှမ်းပြည် လားရှိုးနှင့် သိန္နီမြို့များမှ စစ်ဘေးရှောင်များသည် လားရှိုး-မိုင်းရယ် ကားလမ်းမှတဆင့် ဘေးလွတ်ကင်းရာသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်တွင် လားရှိုးမြို့နယ်ရှိ အီနိုင်းတံတား ဗုံးဖောက်ခွဲ ဖျက်ဆီးခံရပြီးနောက် လားရှိုးမြို့ပေါ်ရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များသည် လားရှိုး-မိုင်းရယ် ကားလမ်းမှတဆင့် ဘေးလွတ်ကင်းရာသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မဟာမိတ် တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ တို့က တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး လက်နက်ကြီး / ငယ် အသုံးပြု ပစ်ခတ်မှုမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၁...

ကွတ်ခိုင်မြို့နယ် တိုက်ပွဲကြား ပြည်သူ ၁ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူများရှိနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့အကြား တိုက်ပွဲကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ အတွင်းရှိ နေအိမ်ခြံဝန်းတစ်ခုထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ပွဲချင်းပြီး...

ဖယ်ခုံမြို့ စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီး ၊ အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂ )ရက် မွန်းလွဲပိုင်းအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း...

KIA နှင့် PDF တို့ ပူးပေါင်းပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇန်နဝါရီလ ၁) ရက်န နံနက်ပိုင်း ၆...

သိန္နီမြို့နယ် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သောလက်နက်ကြီးကြောင့် လူ ၃ ဦးဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့နယ် စစ်ကောင်စီတပ်ဖွဲ့မှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးများ ကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းThe Kokangက ယနေ့ ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက် မွန်းလွှဲ ၂ နာရီအချိန်တွင် သိန္နီမြိုနယ်တွင် ကျန်ရှိနေသေးသည့်...

Latest news