ဟိုပန်မြို့ “၀” တပ်မတော် ၀င်ရောက်ထိန်းချုပ် အလံလွှင့်ထူ

သျှမ်းပြည်နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ဟိုပန်မြို့တွင်း “၀” သွေးစည်းညီညွတ်ရေး တပ်မတော်-UWSA က ယနေ့ (ဒီဇင်ဘာ ၅)ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက် နေရာယူပြီး မြို့လယ်တွင် “၀”တပ်ဖွဲ့ အလံလွှင့်တင် လိုက်သည်ဟု သတင်းသိရသည်။

ဟိုပန်မြို့နယ်တွင် စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့် ဦးစီးသည့် စစ်တပ်များ ရှိနေပြီး ယနေ့ မနက် ၄ နာရီ ၀န်ကျင်းတွင် ညီနောင် မဟာမိတ်တပ်များ မြို့ကို ထိန်းချုပ်ပြီးနောက် နေ့လယ်ပိုင်းတွင် “၀” တပ်ဖွဲ့ ၀င်ရောက် လာခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက အတည်ပြု ပြောသည်။

“မနက်က ကိုးကန့် မဟာမိတ်တပ်က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ သိမ်းပြီးပြီ။ မြို့အပြင်နားက ခလရ (၁၄၅) တပ်ကို သွား၀ိုင်းထားတယ်လို့ သိရတယ်။ “၀” တပ်ကတော့ မြို့ထဲမှာ နေနေတယ်” ဟု ၄င်းကပြောသည်။

ဟိုပန်မြို့နယ်တွင် စစ်ကောင်စီတပ် စခက(၁) လက်အောက်ခံ တပ်ရင်းများရှိနေပြီး ယင်းတပ်များကို တိုက်ထုတ်နိုင်ပါက “၀” ဒေသတွင် စစ်ကောင်စီ တပ်စခန်း လုံး၀ မကျန်ရှိတော့ကြောင်း ၄င်းကဆိုသည်။

လက်ရှိ ဟိုပန်မြို့တွင်း “၀” တပ်ဖွဲ့များ တပ်ဖြန့် ကင်းလှည့်နေပြီး အခြေအနေ ငြိမ်သက်နေကြောင်း သိရသည်။

ဟိုပန်မြို့ကို ၀င်ရောက် ထိန်းချုပ်ရာတွင် ညီနောင်မဟာမိတ်တပ်များနှင့် အတူ ပါ၀င်နေကြောင်း BPLA စစ်ဦးစီးချုပ် မောင်ဆောင်းခက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယမန်နေ့က သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ မြို့တော် လောက်ကိုင် အနီး ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်တပ် စခန်း ဖြစ်သည့် စစ်ကောင်စီ၏ ဒစက တပ် ညီနောင်မဟာမိတ်တပ်နှင့် ညှိနှိုင်း လက်နက်ချပြီးနောက် ယနေ့ ညီနောင် မဟာမိတ်တပ်များ ဟိုပန်မြို့တွင်း ၀င်ရောက်လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...