Tuesday, January 27, 2026

ဟိုပန်မြို့ “၀” တပ်မတော် ၀င်ရောက်ထိန်းချုပ် အလံလွှင့်ထူ

သျှမ်းပြည်နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ဟိုပန်မြို့တွင်း “၀” သွေးစည်းညီညွတ်ရေး တပ်မတော်-UWSA က ယနေ့ (ဒီဇင်ဘာ ၅)ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက် နေရာယူပြီး မြို့လယ်တွင် “၀”တပ်ဖွဲ့ အလံလွှင့်တင် လိုက်သည်ဟု သတင်းသိရသည်။

ဟိုပန်မြို့နယ်တွင် စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့် ဦးစီးသည့် စစ်တပ်များ ရှိနေပြီး ယနေ့ မနက် ၄ နာရီ ၀န်ကျင်းတွင် ညီနောင် မဟာမိတ်တပ်များ မြို့ကို ထိန်းချုပ်ပြီးနောက် နေ့လယ်ပိုင်းတွင် “၀” တပ်ဖွဲ့ ၀င်ရောက် လာခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက အတည်ပြု ပြောသည်။

“မနက်က ကိုးကန့် မဟာမိတ်တပ်က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ သိမ်းပြီးပြီ။ မြို့အပြင်နားက ခလရ (၁၄၅) တပ်ကို သွား၀ိုင်းထားတယ်လို့ သိရတယ်။ “၀” တပ်ကတော့ မြို့ထဲမှာ နေနေတယ်” ဟု ၄င်းကပြောသည်။

ဟိုပန်မြို့နယ်တွင် စစ်ကောင်စီတပ် စခက(၁) လက်အောက်ခံ တပ်ရင်းများရှိနေပြီး ယင်းတပ်များကို တိုက်ထုတ်နိုင်ပါက “၀” ဒေသတွင် စစ်ကောင်စီ တပ်စခန်း လုံး၀ မကျန်ရှိတော့ကြောင်း ၄င်းကဆိုသည်။

လက်ရှိ ဟိုပန်မြို့တွင်း “၀” တပ်ဖွဲ့များ တပ်ဖြန့် ကင်းလှည့်နေပြီး အခြေအနေ ငြိမ်သက်နေကြောင်း သိရသည်။

ဟိုပန်မြို့ကို ၀င်ရောက် ထိန်းချုပ်ရာတွင် ညီနောင်မဟာမိတ်တပ်များနှင့် အတူ ပါ၀င်နေကြောင်း BPLA စစ်ဦးစီးချုပ် မောင်ဆောင်းခက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယမန်နေ့က သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ မြို့တော် လောက်ကိုင် အနီး ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်တပ် စခန်း ဖြစ်သည့် စစ်ကောင်စီ၏ ဒစက တပ် ညီနောင်မဟာမိတ်တပ်နှင့် ညှိနှိုင်း လက်နက်ချပြီးနောက် ယနေ့ ညီနောင် မဟာမိတ်တပ်များ ဟိုပန်မြို့တွင်း ၀င်ရောက်လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...