သျှမ်းတောင် ဒေသခံများနှင့် စစ်ရှောင်များကို ဧည့်စာရင်းစစ်၊ ဖုန်းစစ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်နေ

သျှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသအနှံ့အပြားတွင် စစ်ကောင်စီနှင့် PNO ပအို၀်းပြည်သူ့စစ်မှ ဒေသခံ နေအိမ်များနှင့် ကရင်နီ စစ်ရှောင်များ နေထိုင်ရာ ဘုန်းကြီးကျောင်းများတွင် ဧည့်စာရင်း သာမက ဖုန်းများပါ အတင်းအဓမ္မ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့ပေါ် ယာဥ်များ သွားလာမှု

ကရင်နီပြည်မှ စစ်ရှောင် အများစု တိမ်းရှောင်ရာနှင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာ ဒေသများ ဖြစ်သည့် ရွာငံ၊ ပင်းတယ၊ ညောင်ရွှေ၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်းနှင့် ဖယ်ခုံမြို့များကို အဓိကထား စစ်ဆေးမှုများ ပြုလုပ်ပြီး မသင်္ကာစရာများ တွေ့သည်နှင့် တော်လှန်ရေးအင်အားစုများနဲ့ အဆက်အစပ်ရှိသည်ဟု ဆိုတာ စွပ်စွဲ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

“ဧည့်စာရင်းတိုင်မယ်ဆိုရင် ဘယ်ကလာလည်း အရင်မေးပြီး ၂/ (ကရင်နီပြည်နယ်) ဆိုတာနဲ့ ဧည့်စာရင်းလည်း ပေးမတိုင်ဘူး။ ပြီးရင် လက်နက်တွေ၊ လူအများကြီးနဲ့ ဧည့်စာရင်း လာစစ်တယ်။ ဖုန်းတွေပါ အတင်းယူစစ်ပြီး ခေါ်သွားတယ်။ ပြီးခဲ့တဲ့ တလောက ကျနော်တို့ ညောင်ရွှေမှာပဲ ပါသွားတာ (၂၁)ယောက် ရှိပြီလို့ သိရတယ်” ဟု ဧည့်စာရင်း စစ်ခံရသူ တစ်ဦးမှ ပြောသည်။

ထိုသို့ စစ်ကောင်စီနှင့် PNOဘက်မှ ရှောင်တခင် စစ်ဆေး၊ ဖမ်းဆီးခြင်းများကြောင့် တော်လှန်ရေးနှင့် ပတ်သက်သော ဆိုရှယ်မီဒီယာမှ ပို့စ်များနှင့် ပုံများကို ဖုန်းထဲတွင် ဖျက်ထားကြရန်၊ အပြင် သွားသည့်အခါတွင်လည်း ဖုန်းစစ်ခြင်းများ ရှိနေသဖြင့် သတိထားကြရန် လိုကြောင်း ပြောသည်။

“သူတို့လည်း သတင်းရတယ် ထင်ပါတယ်။ လာစစ်ပြီဆိုရင် တစ်ရပ်ကွက်လုံး မစစ်ဘဲ တစ်အိမ်ထဲ၊ တစ်နေရာထဲကို ဧည့်စာရင်းစစ်မယ် ပြောပြီး ရောက်လာတယ်။ ပြီးရင် လူမသိသူမသိ ဖမ်းခံလိုက်ရတာပေါ့။ ဖုန်းစစ်တဲ့အခါမှာလည်း ပုံတွေ၊ ဆိုရှယ်မီဒီယာ အပလီကေးရှင်းတွေထဲမှာ ဘာပို့စ်တွေတင်လဲ၊ ဘယ်သူတွေနဲ့ ပြောထားလဲ၊ ဖုန်းအဝင်အထွက်ကောတွေ၊ မက်ဆေ့ချ်တွေ စစ်တယ်။ ဒါလေးတွေ သတိထားပြီး ဂရုစိုက်ဖို့လိုပါတယ်” ဟု အဆိုပါ အမျိုးသားမှ ဆက်ပြောသည်။

ကရင်နီပြည်မှ စစ်ရှောင်များ သာမက သျှမ်းတောင်ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့၀င် မိသားစုများကိုပါ တော်လှန်ရေး အားပေးထောက်ပံ့သူများ အနေဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း ထပ်မံသိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ဒီဇင်ဘာအထိ စစ်ကောင်စီ၏ လိုက်လံဖမ်းစီးမှုကြောင့် ဖမ်းဆီးခံရသည့် သူများဦးရေ စုစုပေါင်း (၂၅၆၉၀) ရှိပြီး ရှမ်းပြည်နယ်အတွင်းမှာ စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းမှုခံရသူ စုစုပေါင်း တစ်ထောင်ကျော် နီးပါးထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါသည်။

ထို့အပြင် သျှမ်းတောင် ဒေသအချို့တွင် တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ တိမ်းရှောင်ရသူများကို နေထိုင်ရန် လက်ခံခြင်းမပြုဘဲ ဧည့်စာရင်းစစ်၊ ဖမ်းဆီးခြင်းများကြောင့် စစ်ရှောင်များအတွက် ပိုမိုအခက်အခဲဖြစ်ရပြီး စစ်ရှောင်စခန်း အများစုတွင်လည်း စစ်ရှောင်ဦးရေ အလွန်များပြားမှုကြောင့် နေရာထိုင်ခင်း မလုံလောက်မှုကို ကြုံတွေ့နေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...