Wednesday, January 28, 2026

နမ့်ဖတ်ကာ တိုက်ပွဲတစ်ပတ်အတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ဖတ်ကာ ထိခိုက်ပျက်စီးသည့်ပုံ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်မှ စတင်ခဲ့သည့် KIA မှ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ စခန်းသိမ်းတိုက်ပွဲ တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“ရပ်ကွက် ၄ ဘက် တရုတ်မိသားစုက သူတို့ထမင်းစားနေတဲ့အချိန်မှာ လေယာဉ်ကပစ်တဲ့ဗုံးက အိမ်ကိုထိတာ၊ မိသားစု ၃ ယောက်သေသွားတယ်။ နောက်တစ်ယောက်က လေယာဉ်လာတဲ့အချိန် ထွက်ကြည့်တော့ အဲ့တာလည်း ပွဲချင်းပြီးသေတာဆိုတော့ စုစုပေါင်း ၄ ယောက်ပေါ့။ ဆုံးတဲ့ရက်ကတော့ သေချာမသိဘူး၊ တိုက်ပွဲဖြစ်တာက ၂၉ ရက်နေ့ကတည်းက မနက် ၆ နာရီခွဲကနေ စဖြစ်တာ”ဟု နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဖတ်ကာ ထိခိုက်ပျက်စီးသည့်ပုံများ

အလားတူ ဇန်နဝါရီလ ၁ ရက်ကလည်း နမ့်ဖတ်ကာရွာရှိ အသက် ၆၀ ကျော်အရွယ် အဘွားတစ်ဦးလည်း ကတုတ်ကျင်းထဲတွင် မီးမွှေးနေစဉ် မီးခိုးမွှန်ပြီး သေဆုံးသွားကြောင်း နမ့်ဖတ်ကာရွာမှ ၎င်းဒေသခံအမျိုးသမီးက ဆက်ပြောသည်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက်(၁) သာယာကုန်းမှ ကချင်နှစ်ချင်း (မူရင်း)ဘုရားကျောင်းကို ထိမှန်ပြီး ပန်ဂျရော့ပ်ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“နမ့်ဖတ်ကာလည်း အိမ်တွေ တော်တော်ပျက်စီးကုန်ပြီးတော့ မီးလောင်ကုန်တယ်။ ပန်ဂျရောပ့်ဘုန်းကြီးကျောင်းဆိုရင် တိုင်ပဲရှိတော့တယ်။ စစ်တပ်ရှေ့ကပေါ့နော့။ အဲ့နားမှာ ၁၂၃ တပ်ရှိတယ်။ ရပ်ကွက်(၁) သာယာကုန်းဘက်က ကချင်မူရင်းဘုရားကျောင်းလဲ ထိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိမှာ”ဟု နမ့်ဖတ်ကာမှ ၎င်းဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့ပေါ်တွင်လည်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲ ပြင်းထန်ခြင်းကြောင့် ဇန်နဝါရီလ ၄ ရက်မှစတင်ပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးကို လုံခြုံရေးအရ ပိတ်ချလိုက်ကာ လူနာ နှင့်ဆရာဝန်များအား ကောင်းခါးတိုက်နယ်ဆေးရုံသို့ ရွှေ့ပြောင်းလိုက်ရကြောင်း ကွတ်ခိုင်မြို့နယ် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၇ ဦးနှင့် ကလေး ၆ ဦး အပါအဝင် စုစုပေါင်း ၂၅ ဦးကျော် သေဆုံးပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ၍ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် ပြည်သူနေအိမ် ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ကွတ်ခိုင်မြို့နယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...