နမ့်ဖတ်ကာ တိုက်ပွဲတစ်ပတ်အတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ဖတ်ကာ ထိခိုက်ပျက်စီးသည့်ပုံ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်မှ စတင်ခဲ့သည့် KIA မှ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ စခန်းသိမ်းတိုက်ပွဲ တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“ရပ်ကွက် ၄ ဘက် တရုတ်မိသားစုက သူတို့ထမင်းစားနေတဲ့အချိန်မှာ လေယာဉ်ကပစ်တဲ့ဗုံးက အိမ်ကိုထိတာ၊ မိသားစု ၃ ယောက်သေသွားတယ်။ နောက်တစ်ယောက်က လေယာဉ်လာတဲ့အချိန် ထွက်ကြည့်တော့ အဲ့တာလည်း ပွဲချင်းပြီးသေတာဆိုတော့ စုစုပေါင်း ၄ ယောက်ပေါ့။ ဆုံးတဲ့ရက်ကတော့ သေချာမသိဘူး၊ တိုက်ပွဲဖြစ်တာက ၂၉ ရက်နေ့ကတည်းက မနက် ၆ နာရီခွဲကနေ စဖြစ်တာ”ဟု နမ့်ဖတ်ကာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဖတ်ကာ ထိခိုက်ပျက်စီးသည့်ပုံများ

အလားတူ ဇန်နဝါရီလ ၁ ရက်ကလည်း နမ့်ဖတ်ကာရွာရှိ အသက် ၆၀ ကျော်အရွယ် အဘွားတစ်ဦးလည်း ကတုတ်ကျင်းထဲတွင် မီးမွှေးနေစဉ် မီးခိုးမွှန်ပြီး သေဆုံးသွားကြောင်း နမ့်ဖတ်ကာရွာမှ ၎င်းဒေသခံအမျိုးသမီးက ဆက်ပြောသည်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက်(၁) သာယာကုန်းမှ ကချင်နှစ်ချင်း (မူရင်း)ဘုရားကျောင်းကို ထိမှန်ပြီး ပန်ဂျရော့ပ်ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“နမ့်ဖတ်ကာလည်း အိမ်တွေ တော်တော်ပျက်စီးကုန်ပြီးတော့ မီးလောင်ကုန်တယ်။ ပန်ဂျရောပ့်ဘုန်းကြီးကျောင်းဆိုရင် တိုင်ပဲရှိတော့တယ်။ စစ်တပ်ရှေ့ကပေါ့နော့။ အဲ့နားမှာ ၁၂၃ တပ်ရှိတယ်။ ရပ်ကွက်(၁) သာယာကုန်းဘက်က ကချင်မူရင်းဘုရားကျောင်းလဲ ထိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိမှာ”ဟု နမ့်ဖတ်ကာမှ ၎င်းဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့ပေါ်တွင်လည်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲ ပြင်းထန်ခြင်းကြောင့် ဇန်နဝါရီလ ၄ ရက်မှစတင်ပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးကို လုံခြုံရေးအရ ပိတ်ချလိုက်ကာ လူနာ နှင့်ဆရာဝန်များအား ကောင်းခါးတိုက်နယ်ဆေးရုံသို့ ရွှေ့ပြောင်းလိုက်ရကြောင်း ကွတ်ခိုင်မြို့နယ် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၇ ဦးနှင့် ကလေး ၆ ဦး အပါအဝင် စုစုပေါင်း ၂၅ ဦးကျော် သေဆုံးပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ၍ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် ပြည်သူနေအိမ် ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ကွတ်ခိုင်မြို့နယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...