ပင်လောင်း ငရုတ်ခင်းပျက်စီးမှုကြောင့် ဒေသခံများ အလုပ်ကိုင်ရှားပါး

သျှမ်းပြည် ပင်လောင်းမြောက်ဖက်တွင် ငရုတ်ပင်စိုက်ပျိုးသည့် ဒေသခံများ ငရုတ်ပင်ပျက်စီးမှုကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း စုံစမ်းသိရသည်။

ငရုပ်ခင်းပုံ

ပင်လောင်းမြောက်ဖက် ဒေသခံများဟာ ငရုတ်သီးပင်များ ရာသီဥတု မညီမျှမှု နှင့်မြေဆီလွှာပြဿနာ ရှိမှုကြောင့် သေကုန်ပြီး အထွက်နှုန်းလျော့ကြကာ ဝင်ငွေများနည်းပါးလာကြပြီး စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြသည်။

ထို့အပြင် အလုပ်ကိုင်များရှားပါးလာသောကြောင့် တခြားဒေသဖက်တွင် နေစားအလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်နေရကြောင်း ပင်လောင်းဒေသခံများပြေပြချက်အရသိရသည်။

“အပင်သေကုန်တာတော့ အဓိကတော့ မြေပေါ့၊ မြေကအရမ်းပူတာလဲပါတယ်။ ပြီးတော့ ရာသီဥတုအပူ အအေးမမျှတာကြောင့်လို့ထင်တယ်။ မြေသြဇာနဲ့တော့မဆိုင်ဘူး လို့ထင်တယ် ဘာလို့ဆို မြေသြဇာထည့်ပြီး မစိုက်တာများတယ်။ ဒီတိုင်းစိုက်ဖြစ်တာများတယ် အရင်ကအဲလောက်ထိမသေဘူး။ ဒီနှစ်မှအများကြီး သေကုန်တာ” ဟုအသက် (၄၀) ဝန်းကျင်အမျိုးသားတစ်ဦးမှ ပြောထားသည်။

ယခင်က ငရုတ်အထွက်နှုန် သည် ပိဿ၆၀၀ ထိအထွက်နှုန်းရှိခဲ့ပြီး စိုက်ခင်း ဧကများသော ဒေသခံများတွင် ပိဿ တစ်ထောင်အ ထိထွက်ရှိခဲ့သည်။

ယခုနှစ်တွင် မြေဧက ယခင်အတိုင်း စိုက်ပျိုးခဲ့သော်လည်း အထွက်အများဆုံးမှာ ပိဿ (၆၀) နှင့်အများဆုံးမှာ ပိဿ (၂၀၀) အထိသာရကြောင်း အဆိုပါအမျိုးသားတစ်ဦးမှထပ်လောင်းပြောကြားထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများသည် ငရုတ်ခင်းပျက်စီးမှု အထွက်နှုန်းလျော့ကျမှုကြောင့် အလုပ်ကိုင်များရှားပါးလာကာ အခြားသော အနီးအနား ကျေးရွာဖက်တွင် နေ့စားလုပ်ကိုင်နေရကြောင်းကို ဒေသခံအမျိုးသမီးတစ်ဦးမှ ယခုလိုပြောထားသည်။

” ပုံမှန်ဆို တခြားရွာဖက်မှာ အလုပ်သွားလုပ်ရတာမရှိဘူး၊ ဒီနှစ်က ငရုတ်ပင်လည်း သေကုန်တယ်၊ အထွက်နှုန်းကလည်း လျော့လာတယ်၊ ငရုတ်သီးက ဒီဇင်ဘာလအထိခူးရတယ်။ အဲတော့ အလုပ်ကပေါတယ်။ အခုနှစ်က နိုဝင်ဘာလတောင်မကုန်သေးဘူး ငရုတ်ကသိမ်းလို့ ပြီးသွားပြီ၊ အဲတာကြောင့် အလုပ်ကမရှိ တခြားရွာဖက်မှာ လက်ဖက်ခူးတို့ ရှိတဲ့အလုပ်ကို နေ့စားသွားလုပ်ကြတယ်”ဟု အဆိုပါ အမျိုးသမီးမှ သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လောင်းဒေသဖက်တွင် ယခုနှစ်ငရုတ်စျေးသည် စျေးကောင်းရနေပြီး တစ်ပိဿလျှင် ၅သောင်းအထိရနေပြီး နိုင်ငံရေး အခြေအနေကြောင့် ငွေဈေးနှုန်း အတက်အကျ မတည်ငြိမ်မှုကြောင့် တစ်ပိဿ ၃ သောင်းမျှသာရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...