စစ်ကောင်စီ
ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းအများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများဖြစ်ပွားနေ
SHAN -
ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း အများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးပြောပြချက်အရသိရသည်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိစစ်ရှောင် စခန်းအများစုသည် ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်သည့် နေရာအများစုတွင် တည်ရှိပြီး ရေရှားပါးမှုပြသာနာကို ရင်ဆိုင်နေကြရကာ သောက်သုံးရေကို အဝီစီတွင်း တူးပြီး သုံးစွဲနေကြရသည်။ သဘာဝ ချောင်းရေများလည်း ခမ်းခြောက်ကုန်ပြီး မသန့်ရှင်းသည့်ရေကို...
ပင်လောင်း ငရုတ်ခင်းပျက်စီးမှုကြောင့် ဒေသခံများ အလုပ်ကိုင်ရှားပါး
SHAN -
သျှမ်းပြည် ပင်လောင်းမြောက်ဖက်တွင် ငရုတ်ပင်စိုက်ပျိုးသည့် ဒေသခံများ ငရုတ်ပင်ပျက်စီးမှုကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြောက်ဖက် ဒေသခံများဟာ ငရုတ်သီးပင်များ ရာသီဥတု မညီမျှမှု နှင့်မြေဆီလွှာပြဿနာ ရှိမှုကြောင့် သေကုန်ပြီး အထွက်နှုန်းလျော့ကြကာ ဝင်ငွေများနည်းပါးလာကြပြီး စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြသည်။ ထို့အပြင် အလုပ်ကိုင်များရှားပါးလာသောကြောင့် တခြားဒေသဖက်တွင် နေစားအလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်နေရကြောင်း ပင်လောင်းဒေသခံများပြေပြချက်အရသိရသည်။ "အပင်သေကုန်တာတော့ အဓိကတော့ မြေပေါ့၊...
သျှမ်းတောင် ဒေသခံများနှင့် စစ်ရှောင်များကို ဧည့်စာရင်းစစ်၊ ဖုန်းစစ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်နေ
SHAN -
သျှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသအနှံ့အပြားတွင် စစ်ကောင်စီနှင့် PNO ပအို၀်းပြည်သူ့စစ်မှ ဒေသခံ နေအိမ်များနှင့် ကရင်နီ စစ်ရှောင်များ နေထိုင်ရာ ဘုန်းကြီးကျောင်းများတွင် ဧည့်စာရင်း သာမက ဖုန်းများပါ အတင်းအဓမ္မ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ကရင်နီပြည်မှ စစ်ရှောင် အများစု တိမ်းရှောင်ရာနှင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာ...
ကွတ်ခိုင်မြို့ အဝင်၊ အထွက် ယာယီပိတ်ထား
သျှမ်းပြည် ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလားလုံးကို ယနေ့ (ဇန်နဝါရီလ ၇ ရက်)မှစပြီး နှစ်ရက်အတွင်းယာယီပိတ်ထားကြောင်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယနေ့ (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၈ ရက်)အထိ နှစ်အတွင်း ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလုံးကို ဖြတ်သန်းသွားလာခွင့်မပြုကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ ပြောဆိုလိုက်ကြောင်း လူမှုကူညီရေးအသင်းဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့နဲ့ မနက်ဖြန်ကို ဝင်၊ ခွင့် ပိတ်ထားတယ်။ အရင်ရက်တွေလည်း ပြည်သူတွေက ဝင်လာတယ်။ ကျနော်တို့လူမှုကူညီရေးအသင်းဖွဲ့ကားတွေတော့ အဲ့လိုပြောဆိုဝင်သွားတဲ့ အတွက် လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်ထိ တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကော၊ ဒဏ်ရာရသူတွေကော သွားပြီးသယ်ပါတယ်” ဟု ၎င်းက ပြောသည်။ တစ်ဖက်တွင်လည်ညး ညီနောင်မဟာမိတ်ထံသို့ လက်ချခဲ့သော ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကလည်း ၎င်းမိသားစုဝင်များနှင့်အတူ ကားအစီးအရေ (၂၀) ကျော်ဖြင့် မြို့ကို ယမန်နေ့ ( ဇန်နဝါရီလ ၆ ရက်) ညပိုင်းတွင် စွန့်ခွာထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှစပြီး ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီဘက်မှ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီဘက်မှ လက်နက်ချခြင်းကိစ္စနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းစခန်းအတွင်း ထောက်ပို့လေယာဉ် Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ချခဲ့ကြောင်း TNLA၏ ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) ညပိုင်းထုတ်ပြန်ချက်အရသိရသည်။ လက်ရှိတွင် တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေသည်။
သျှမ်းတော်လှန်ရေး ဘယ်လဲ
SHAN -
မြေပြင်တွင် တံတားများ ပြိုကျနေသည်။ အိုးအိမ် အပျက်အစီးများသည် မျက်စိ တဆုံးဟု ဆိုရမည်။ သို့သော် ရက် ၆၀ ကျော် ကြာြမင့်လာပြီဖြစ်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် အောင်မြင်မှုများစွာဖြင့် အရှိန်မြင့်သထက် မြင့်လာနေဆဲ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဟု ကြွေးကြော်ကာ...
ကွတ်ခိုင်မြို့ ရဟတ်ယာဥ်ကွင်းရှိသည့် အခြေချစစ်ဗျူဟာတပ် လက်နက်ချ
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ယနေ့ (ဇန်နဝါရီ ၆ ရက်) နံနက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း သိရသည်။ "ကွတ်ခိုင် စဗခ လက်နက်ချတယ်။ ကျန်တဲ့ အချက်အလက်တွေကတော့ မသိရသေးပါဘူး" ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည် ဒီဇင်ဘာ...
သိန္နီမြို့ရှိ ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်
သျှမ်းပြည် သိန္နီမြို့အခြေစိုက် ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက် ၉ နာရီအချိန်ခန့်က သိန္နီမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲအကြား...
နမ့်ဖတ်ကာ တိုက်ပွဲတစ်ပတ်အတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံး
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်မှ စတင်ခဲ့သည့် KIA မှ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ စခန်းသိမ်းတိုက်ပွဲ...
မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခုကို TNLA တိုက်ခိုက်သိမ်းပိုက်
သျှမ်းပြည် မိုးမိတ်မြို့နယ် ကျန်ကန်တပ်စခန်းကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ယနေ့ (ဇန်နဝါရီလ ၅ ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံ စကခ-၂၁ နှင့် ခလရ-၂၂၃ တို့အခြေချတပ်စွဲထားသော အဆိုပါစခန်းအား ပြီးခဲ့သည့် (ဇန်နဝါရီလ ၃ ရက်)တွင် တအာင်းတပ်ဖွဲ့...
ဟိုပန်မြို့ “၀” တပ်မတော် ၀င်ရောက်ထိန်းချုပ် အလံလွှင့်ထူ
SHAN -
သျှမ်းပြည်နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ဟိုပန်မြို့တွင်း "၀" သွေးစည်းညီညွတ်ရေး တပ်မတော်-UWSA က ယနေ့ (ဒီဇင်ဘာ ၅)ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက် နေရာယူပြီး မြို့လယ်တွင် “၀”တပ်ဖွဲ့ အလံလွှင့်တင် လိုက်သည်ဟု သတင်းသိရသည်။ ဟိုပန်မြို့နယ်တွင် စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့် ဦးစီးသည့်...





