တပ်တွင်း ပုန်ကန်မည်ကို မင်းအောင်လှိုင် စိုးရိမ်၊ ကာချုပ်(ရေ) နှင့် ရပခ တိုင်းမှူး အနားပေးခံရ

သျှမ်းပြည်မြောက်ပိုင်းတွင် အရေးနိမ့်နေသဖြင့် တပ်တွင်း ဝေဖန်မှုများစွာ ကြုံတွေ့နေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ကို အနားပေးလိုက်ပြီး စစ်ဦးစီး အရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ကို အစားထိုး ခန့်အပ်လိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ယနေ့ (ဇန်န၀ါရီ ၈ ရက်) တွင်ပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်

ဗိုလ်ချုပ်ကြီး မိုးအောင် ကို အနားပေးလိုက် သော်လည်း အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ဆက်လက် ခန့်အပ်ထားသည်ဟု ကြားသိရကြောင်း ၄င်းကဆိုသည်။

ထို့အပြင် တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း အရန်အင်အား ပို့ခံရပြီး နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ် ဗိုလ်ချုပ် ဇော်မင်းလတ်က ရပခ တိုင်းမှူး ဖြစ်လာကြောင်း ၄င်းက ဆက်ပြောသည်။

“တခြား ရာထူး အပြောင်းအလဲတွေလည်း ထပ်ဖြစ်တယ်။ ထပ်ဖြစ်ဖို့ရှိတယ်လို့ ပြောလို့ရတယ်။ တပ်တွင်း ဖိထားနိုင်ဖို့ သူ (မင်းအောင်လှိုင်) စိတ်ချရတဲ့သူတွေ အစားထိုးတဲ့ သဘောပါ။ အရန်အင်အား အပို့ရခံရသူတွေ အရပ်ဘက် (၀န်ကြီးဌာန) ရောက်သွားဖို့ များတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့အပြင် လုံခြုံရေးနှင့်ဆိုင်သော ပုံနှပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး (ကကလုံ) ညွှန်မှူးကို အရန်အင်အား ပြောင်းရွှေ့ပြီး ဒုညွှန်မှူးဖြင့် အစားထိုး ခန့်အပ်ခဲ့သည်ဟု သိရသည်။

စစ်ခေါင်းဆောင်က လောက်ကိုင် လက်နက်ချမှုတွင် ဦးဆောင်ပါ၀င်ခဲ့သည့် ကလောမြို့ အခြေစိုက် တပ်မ (၅၅) တပ်မမှူးကို ဖမ်းဆီးထားကာ ဗိုလ်မှူးကြီး အောင်စိုးမင်း (တေဇ ၂၅) ကို အစားထိုး ခန့်အပ်ခဲ့ပြီး တပ်မ (၆၆) တပ်မမှူး အဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း (စတသ ၄၁) ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

အနားပေး ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးမိုးအောင် သည် နဝတ စစ်ကောင်စီ လက်ထက် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း (ကွယ်လွန်) ၏ သားဖြစ်ပြီး UAB ဘဏ်သည် ၄င်းနှင့် မောင်နှမ မိသားစုများ ပိုင်ဆိုင်သော ဘဏ်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...