NCA လက်မှတ်ထိုး လက်နက်ကိုင် (၇) ဖွဲ့နှင့် စစ်ကောင်စီ NSPNC တို့ တွေ့ဆုံ

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် အပစ်ရပ်သဘောတူ စာချုပ်( NCA ) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံနေကြောင်း သတင်းသိရှိရသည်။

NSPNC နဲ့ NCA နေပြည်တော်တွင်တွေ့ဆုံ

ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးသော လက်နက်ကိုင် (၇) ဖွဲ့တို့မှ ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း PPST အဖွဲ့ဝင် ဦးခွန်ဉက္ကာက ပြောသည်။

“မနေ့ဆွေးနွေးတာက ပဏမဖြစ်ပြီး ဒီနေ့မှ အာဆီယံအထူးကိုယ်စားလှယ် Laos (လာအိုနိုင်ငံ) က Mr. Alounkeo Kittikhoun ( မစ္စတာ ခစ်တီခွန် )နဲ့ ဆွေးနွေးဖို့ရှိတယ်။ အဲ့ဒီဆွေးနွေးမှုအားလုံးပြီးမှ ပြောသင့်ပြောထိုက်တဲ့ ကိစ္စတွေကို ပြောဖို့ရှိမှာပါ” ဟု ဦးခွန်ဉက္ကာက ပြောသည်။

အာဆီယံအလှည့်ကျ ဉက္ကဌ လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr.ALounkeo Kittikhoun ( မစ္စတာ ခစ်တီခွန် )နှင့် တွေ့ဆုံဆွေးနွေးမည် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ မည့်သည့်အဖွဲ့က တက်ရောက်နေကြောင်း အသေးစိတ် မသိရသေးပေ။

ယမန်နေ့ NSPNC နှင့် တွေ့ဆုံဆွေးနွေးသွားခဲ့သည့် အပစ်ရပ် (NCA) အဖွဲ့ (၇)ဖွဲ့တို့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးမှုကို ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) မှ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)အထိ ၂ ရက်အတွင်း ဆွေးနွေးသွားမည် ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟုကြေညာထားသော်လည်း သျှမ်းမြောက်ဒေသက “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် နိုင်ငံတဝှမ်း နေရာအနှံ့အပြား၌ စစ်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

စစ်သားသစ်ရရှိရေးအတွက် လဝကအချက်အလက်များကို အသုံးပြုရန် စစ်ကော်မရှင် ညွှန်ကြား

0
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်စာရင်းကို တိကျစွာရရှိစေရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ၏ ဒေတာအချက်အလက်များကို အခြေခံ၍ မှတ်ပုံတင်ရန် ညွှန်ကြားလိုက်သည်။ ယမန်နေ့ (မေလ ၁၄ ရက်)က နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေး၌ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...