Tuesday, May 7, 2024

NCA လက်မှတ်ထိုး လက်နက်ကိုင် (၇) ဖွဲ့နှင့် စစ်ကောင်စီ NSPNC တို့ တွေ့ဆုံ

Must read

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် အပစ်ရပ်သဘောတူ စာချုပ်( NCA ) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံနေကြောင်း သတင်းသိရှိရသည်။

NSPNC နဲ့ NCA နေပြည်တော်တွင်တွေ့ဆုံ

ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးသော လက်နက်ကိုင် (၇) ဖွဲ့တို့မှ ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း PPST အဖွဲ့ဝင် ဦးခွန်ဉက္ကာက ပြောသည်။

“မနေ့ဆွေးနွေးတာက ပဏမဖြစ်ပြီး ဒီနေ့မှ အာဆီယံအထူးကိုယ်စားလှယ် Laos (လာအိုနိုင်ငံ) က Mr. Alounkeo Kittikhoun ( မစ္စတာ ခစ်တီခွန် )နဲ့ ဆွေးနွေးဖို့ရှိတယ်။ အဲ့ဒီဆွေးနွေးမှုအားလုံးပြီးမှ ပြောသင့်ပြောထိုက်တဲ့ ကိစ္စတွေကို ပြောဖို့ရှိမှာပါ” ဟု ဦးခွန်ဉက္ကာက ပြောသည်။

အာဆီယံအလှည့်ကျ ဉက္ကဌ လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr.ALounkeo Kittikhoun ( မစ္စတာ ခစ်တီခွန် )နှင့် တွေ့ဆုံဆွေးနွေးမည် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ မည့်သည့်အဖွဲ့က တက်ရောက်နေကြောင်း အသေးစိတ် မသိရသေးပေ။

ယမန်နေ့ NSPNC နှင့် တွေ့ဆုံဆွေးနွေးသွားခဲ့သည့် အပစ်ရပ် (NCA) အဖွဲ့ (၇)ဖွဲ့တို့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးမှုကို ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) မှ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)အထိ ၂ ရက်အတွင်း ဆွေးနွေးသွားမည် ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟုကြေညာထားသော်လည်း သျှမ်းမြောက်ဒေသက “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် နိုင်ငံတဝှမ်း နေရာအနှံ့အပြား၌ စစ်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article