Friday, May 3, 2024

ပြင်ဦးလွင် အနီး တော်လှန်ရေးတပ် သိမ်းပိုက်ထားသည့် သံဘိုစစ်စခန်းကို စစ်ကောင်စီတပ် ပြန်လည် သိမ်းပိုက်

Must read

သျှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်ရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် သံဘိုရွာ စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်နေ့တွင် အင်အား အလုံးအရင်းဖြင့် ၀င်ရောက် တိုက်ခိုက်ပြီး ပြည်လည် သိမ်းပိုက်သွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီ ၉ ရက်နေ့) တွင်ပြောသည်။

ဇန်နဝါရီ ၃ရက်နေ့က ညီနောင်မဟာမိတ် သိမ်းပိုက်နိုင်ခဲ့တဲ့ သံဘိုကျေးရွာ စခန်း

ယင်းစခန်းကို လေကြောင်း ပစ်ကူ အလုံးအရင်း အသုံးပြုပြီး ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။

“၇ ရက်နေ့က သံဘိုစခန်းကို စစ်ကောင်စီတပ်တွေ ပြန်သိမ်းထားတယ်လို့ သိရပါတယ်။ ဖြစ်စဥ် အသေးစိတ် ကိုတော့ မသိရသေးပါဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောသည်။

စစ်တက္ကသိုလ် တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် နောင်ချိုမြို့နယ်၊ သံဘိုရွာ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က သိမ်းပိုက်ရရှိခဲ့ကြောင်း NUG နှင့် MDY- PDF ကထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင် ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းမျိုးစုံနှင့် Jammer များပါ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သံဘိုရွာစစ်စခန်းသည် ပြင်ဦးလွင် ကာကွယ်ရေး အတွက် အချက်အခြာကျသဖြင့် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် အခြေပြုကာ နှစ်ပေါင်းများစွာ တပ်စွဲထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

သံဘိုစခန်း ပြန်လည်သိမ်းပိုက်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ NUG နှင့် MDY-PDF က တစုံတရာ ထုတ်ပြန်ခြင်း မပြုသေးပေ။

ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ သံဘိုစစ်တပ် ကျေးရွာများကို မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး ကျေးရွာသားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။

သံဘိုရွာစခန်း ပြန်လည် သိမ်းပိုက်ခံရသည့် ဇန်နဝါရီ ၇ ရက်နေ့တွင် သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article