ပြင်ဦးလွင် အနီး တော်လှန်ရေးတပ် သိမ်းပိုက်ထားသည့် သံဘိုစစ်စခန်းကို စစ်ကောင်စီတပ် ပြန်လည် သိမ်းပိုက်

သျှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်ရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် သံဘိုရွာ စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်နေ့တွင် အင်အား အလုံးအရင်းဖြင့် ၀င်ရောက် တိုက်ခိုက်ပြီး ပြည်လည် သိမ်းပိုက်သွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီ ၉ ရက်နေ့) တွင်ပြောသည်။

ဇန်နဝါရီ ၃ရက်နေ့က ညီနောင်မဟာမိတ် သိမ်းပိုက်နိုင်ခဲ့တဲ့ သံဘိုကျေးရွာ စခန်း

ယင်းစခန်းကို လေကြောင်း ပစ်ကူ အလုံးအရင်း အသုံးပြုပြီး ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။

“၇ ရက်နေ့က သံဘိုစခန်းကို စစ်ကောင်စီတပ်တွေ ပြန်သိမ်းထားတယ်လို့ သိရပါတယ်။ ဖြစ်စဥ် အသေးစိတ် ကိုတော့ မသိရသေးပါဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောသည်။

စစ်တက္ကသိုလ် တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် နောင်ချိုမြို့နယ်၊ သံဘိုရွာ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က သိမ်းပိုက်ရရှိခဲ့ကြောင်း NUG နှင့် MDY- PDF ကထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင် ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းမျိုးစုံနှင့် Jammer များပါ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သံဘိုရွာစစ်စခန်းသည် ပြင်ဦးလွင် ကာကွယ်ရေး အတွက် အချက်အခြာကျသဖြင့် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် အခြေပြုကာ နှစ်ပေါင်းများစွာ တပ်စွဲထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

သံဘိုစခန်း ပြန်လည်သိမ်းပိုက်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ NUG နှင့် MDY-PDF က တစုံတရာ ထုတ်ပြန်ခြင်း မပြုသေးပေ။

ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ သံဘိုစစ်တပ် ကျေးရွာများကို မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး ကျေးရွာသားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။

သံဘိုရွာစခန်း ပြန်လည် သိမ်းပိုက်ခံရသည့် ဇန်နဝါရီ ၇ ရက်နေ့တွင် သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...