စစ်ကောင်စီ
ဖယ်ခုံအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦးဒဏ်ရာရ
သျှမ်း-ကရင်နီ (ကယား) ပြည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်နီးပါးလိုပင် ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နှင့်...
“NCA ကို စစ်ကောင်စီကိုယ်တိုင် ဖျက်ဆီးခဲ့” ဟု ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်ခဲ့သူ စဝ်ဟန်ယောင်ဟွေ ပြော
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ကောင်စီကိုယ်တိုင် ဖျက်စီးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့သူ စဝ်ဟန်ယောင်ဟွေက ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု...
နမ့်စန်မြို့ စစ်မှုထမ်းရန် လူဦးရေစာရင်း လိုက်လံ ကောက်ခံနေ ၊ ပိုက်ဆံပါ ပေးဆောင်ရ
သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်းများမှ စစ်မှုထမ်းရန် အတွက် လူဦးရေ စာရင်းကို အာဏာသိမ်း စစ်ကောင်စီမှ လိုက်လံ ကောက်ယူနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၉) ရက်တွင် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဌာန (ထွေ/အုပ်) မှ တစ်ဆင့် နမ့်စန်မြို့ ရှိ...
တာချီလိတ်မြို့ ရွေး/ကော် ဒုဦးစီးမှူးအပါအဝင် ဓားပြတိုက်အဖွဲ့ဝင် ၇ ဦး ဖမ်းဆီးရမိ
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကောက်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦး အပါအဝင် ဓါးပြတိုက်အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့ မယ်ဆိုင်ရပ်ကွက်ရှိ ခရိုင်ကောက်မရှင်ရုံးအိမ်ရာဝန်းအတွင်း နေထိုင်သည့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦး နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးရာ (ဖေဖော်ဝါရီလ...
တိုက်ပွဲကြား မိုင်းပွန်တံတား ပြန်ဖွင့်
သျှမ်းပြည် တစ်ပတ်ကျော်ကြာ ပိတ်ထားသော မိုင်းပွန် တံတားကို ယနေ့ (မတ်လ ၁) ရက် နံနက်ပိုင်းတွင် ပြန်ဖွင့် လိုက်ကြောင်း သတင်းရရှိသည်။ မိုင်းပွန်မြို့နှင့် ဟိုပုံးမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း လမ်းကို ပြန်လည်ဖွင့်လစ် လိုက်သည့်အတွက် ဒေသခံနှင့် ကားသမားများအတွက်တော့ စိုးရိမ်နေရကြောင်း သိရသည်။ " လက်ရှိမှာ တိုက်ပွဲက...
ညောင်ရွှေမြို့နယ် လက်နက်တင် ကားတစ်စီးကို စစ်ကောင်စီ စစ်ဆေးဖမ်းဆီးရမိ
သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်အနီး၌ လက်နက်များ တင်ဆောင်လာသည့် ကားတစ်စီးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်း၏ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ PNA တို့က စစ်ဆေးဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNA တို့...
“ နိုင်ငံရေးမူ တစ်ယောက်တစ်ပေါက် ချမှတ်နေရင် သျှမ်းလူငယ်တွေ မျိုးချစ်စိတ် ပြင်းပြဖို့ လုပ်တဲ့နေရာ ထိခိုက်သွားနိုင်တယ်”
SHAN -
စစ်မှုထမ်းဥပဒေအကြောင်းတွေ ၊ သျှမ်းပြည်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လူမျိုးရေးပြဿနာတွေန သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုပြုပြင်သင့်လဲ၊ သျှမ်းလူငယ်တွေ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြပ်ရိုက်မှုတွေကဘာတွေလဲဆိုတာကို သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းကို သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက စစ်မှုထမ်းဉပဒေကို အတည်ပြု ကျင့်သုံးလိုက်တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဖြေ။...
စစ်မှုထမ်းရန် အသက်ကျော်လွန်သည့် အမျိုးသားများအား ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား စုဆောင်းဖို့ စစ်ကောင်စီ ညွှန်ကြား
SHAN -
စစ်ကောင်စီ အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက်ကျော်လွန် အကျုံးမဝင်တော့သည့် အမျိုးသားများအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား ဦးစားပေး စုဆောင်းရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်ရေး သတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီ ၂၉ ရက်) တွင် ပြောသည်။ “ပြည်သူ့စစ်မှုထမ်း...
တပတ်ကြာ ပိတ်မိနေသည့် ကားသမားများ စားဝတ်နေရေးခက်ခဲနေ
သျှမ်းပြည် တောင်ပိုင်း လမ်းများပိတ်ထားသည့်အတွက်ကြောင့် မိုင်းပွန်မြို့တွင် တပတ်ကျော်ကြာ ပိတ်မိနေသောကားသမားများ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - မိုင်းပွန်ကြား စစ်ကောင်စီ၊ ပြည်သူ့စစ် PNO နှင့် PNLA တို့တိုက်ပွဲများကြောင့် မိုင်းပွန်မြို့တွင် လမ်းများကို ယနေ့ (ဖေဖော်ဝါရီလ...
ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ် အိမ်စီးကား ပစ်ခံရ၊အမျိုးသား၂ဦးထိမှန်
သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး မိုင်ပွန်ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်း သိရသည်။ ဟိုပုံးနှင့်မိုင်းပွန်ကြား ထမ်စမ်းဂူအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ )ရက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ဂိတ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းပွန်မြို့ဒေသခံ...





