တာချီလိတ်မြို့ ဖမ်းဆီးခံထားရသည့် အသက်မပြည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ အချို့ ပြန်လွှတ်ပေးမည်

ထိုင်း-မြန်မာနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးတွင် ဖမ်းဆီးခံရသည့် အွန်လိုင်းလောင်းကစား လုပ်ကိုင်သူများထဲမှ အသက်မပြည့်သေးသည့်လူငယ်အချို့ ယနေ့ (မတ်လ ၈ ရက်)တွင် ပြန်လွှတ်ပေးမည်ဟု စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၈ ရက်) မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးထားသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ လူအင်အား ၁၂၀ ခန့်ကို စစ်ကောင်စီက အချုပ်ကား ၂ စီးဖြင့် ခေါ်ထုတ်လာပြီး တာချီလိတ်မြို့ရှိ တရားရုံးသို့ လာရောက်ချထားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တရားရုံးသို့ ခေါ်ဆောင်လာသည့် လူငယ်များသည် အသက် ၁၈ နှစ်အောက် လူငယ်များဖြစ်ပြီး စစ်ကောင်စီက ပြန်လွတ်ပေးရန် စီစဉ်နေကြောင်းဆိုသည်။

“ဖမ်းထားတဲ့လူတွေ ရမန်ပြည့်လို့ ရုံးထုတ်တာဗျ။ အသက်မပြည့်တဲ့ လူတွေတော့ လွတ်ပေးမယ်ပြောတယ်။ မှတ်ပုံတင် အိမ်ထောင်စုဇယား၊ ထောက်ခံစာတွေနဲ့ တိုက်စစ်နေတာတော့ မြင်တယ်။ ဒဏ်ငွေ ဘယ်လောက်ပေး ရမလဲတော့ လောဆယ်ထိတော့ မချမှတ်သေးဘူး” ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးရှိ အွန်လိုင်းလောင်းကစားလုပ်ငန်း နေရာကို စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းမှုကြောင့် နိုင်ငံခြားသားအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၆၈၉) ဦး ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများထဲမှ အသက် ၁၈ နှစ်အောက် လူငယ်များ မည်မျှပါဝင်နေသည်ကို အသေးစိတ်မသိရသေးပေ။

ထို့အပြင် ဆက်လက်ဖမ်းဆီးခံထားရသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ လူငယ်များကိုလည်း စစ်ကောင်စီက ပြန်လွှတ်ပေးရန် အစီစဉ်ရှိ၊ မရှိ သျှမ်းသံတော်ဆင့်မှ စုံစမ်းမေးမြန်းနေခြင်းပင် ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေး၊ ပညာရေး၊ ကျန်မားရေး စသည့်ဖြင့် အဘက်ဘက်မှ ကျဆင်းလာနေပြီး တစ်ဖက်တွင်အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာရာ လူငယ်များသည် ရရာအလုပ်လမ်းကြောင်းများကိုရှာဖွေနေရကြောင်း လူငယ်များထံမှ သိရသည်။

ထို့အတူ တာချီလိတ်မြို့တွင်လည်း အွန်လိုင်းလောင်းကစားလုပ်ငန်း၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း) ပေါများနေသဖြင့် အလုပ်မရှိသည့် လူငယ်များအတွက် အခွင့်အလမ်းဖြစ်နေကြောင်း အသက် ၄၀ ကျော် ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“ဒါကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နောက်ဆက်တွဲတွေပေါ့။ လူငယ်တွေ ကျောင်းမတက်ရတော့ ရရာအလုပ်တွေ လုပ်ကြတယ်။ တာချီလိတ်မှာက အွန်လိုင်းလောင်းကစားတွေ၊ ကျားဖြန့်လုပ်ငန်းတွေ ပေါတော့ လူငယ်တွေအတွက်လည်း အလုပ်အခွင့်အလမ်းပဲ။ ပြီးတော့ လစာကကောင်းတော့ လုပ်ကြတာပေါ့။ အခုတောင် သျှမ်းမြောက်ကရှုပ်နေလို့ အဲ့ဘက်ကလူငယ်တွေ အလုပ်မဖြစ်လို့ ဒီဘက်ကိုပြေးလာကြပြီ” ဟု၎င်းကပြောသည်။

တရုတ်နိုင်ငံ အစိုးရ၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီသည် နယ်စပ်တလျှောက်နှင့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်) များကို လိုက်လံဖမ်းဆီးပြီး သက်ဆိုင်ရာ နိုင်ငံသို့ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရာမှာ (၂၀၂၃ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ မတ်လ ၅ ရက်အထိ) တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးအပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၅၂,၈၂၀ ဦးကို လွှဲပြောင်းပေးနိုင်ခဲ့ပြီဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...