ကျောက်မဲ စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင်ရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အားဖြန့်ကျက်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင် ကျေးရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အား ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။

မတ်လ ပထမပတ်အတွင်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-(၁)၊ ခမရ-၅၀၁/၅၀၂ နှင့် အမြောက်တပ်များမှ စစ်ကောင်စီတပ်သား အများအပြားသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်အင်အားဖြန့်ကျက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မနက်ဆိုရင် ကျောက်မဲမြို့အဝင် မုခ်ဦးနား အမြောက်တပ်ထဲက လမ်းလျှောက်ထွက်လာကြတာ။ မနေ့ကလည်း လျှောက်တယ်၊ ဒီနေ့နဲ့ဆို ၃ရက်ရှိပြီ ဆက်တိုက်သွားနေတာ။ တရက်ကို အင်အား ၁၀၀ လောက်တော့ ရှိမယ်။ စခန်းသာနဲ့ ခိုမုန်းကြားထဲမှာ တွေ့တာ။ လက်နက်နဲ့ ရေဘူးတွေပဲ ပါတာတွေ့တယ်”ဟု ကျောက်မဲမြို့မှ အသက် ၃၅နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို စခန်းသာနှင့် ခိုမုန်းကျေးရွာအကြားတွင် တွေ့ခဲ့ရပြီး ၎င်းစစ်ကြောင်းနောက်တွင် အိမ်စီးကား ၃/၄ စီးမှာ ဖြေးဖြေးချင်း ကပ်လိုက်လာပြီး စစ်ကားမဟုတ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျောက်မဲဘက်ကနေ နောင်ပိန်ဘက်ကို သွားတာ၊ တချို့ပြောတာလဲ ခိုအုံနားကနေ လှည့်ပြန်လာတယ်လို့ ပြောတယ်။ အရင်ရက် သွားတုန်းကတော့ အများကြီးသွားတယ်၊ တခါသွားရင် ၅၀ လောက်ရှိမယ် ၂ ခေါက်သွားတာ။ ပြန်လာတဲ့အချိန် ၁၀ ယောက်၊ ၁၅ ယောက်လောက်ပဲ ပြန်လှည့်လာတာ တွေ့တယ်။ ဘယ်ဘက်ကို ဦးတည်သွားလဲတော့ မပြောတတ်ဘူး”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မိုင်းရယ်မြို့မှတဆင့် သီပေါမြို့သို့ ဦးတည်၍ မိုင်းရယ်-သီပေါ လမ်းမကြီးအတိုင်း မောင်းနှင်သွားသည့် စစ်ကောင်စီတပ်သား အပြည့်လိုက်ပါစီးနင်းသည့် ၁၂ ဘီးကား အစီးရေ ၂၀ ကျော်ကိုလည်း တွေ့ခဲ့ရကြောင်း မိုင်းရယ်မြို့ ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၂၀၂၃ ဒီဇင်ဘာလက TNLA တပ်ဖွဲ့မှ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၎င်းမြို့များတွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ကန့်သတ်ချက်များကို ရုတ်သိမ်းကြောင်း TNLA တပ်ဖွဲ့က မတ်လ ၆ ရက်တွင် ကြေညာခဲ့သည်။

သို့သော် မတ်လ ၄ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် မာရှယ်လောတွင် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့သာ ပါဝင်ပြီး လက်ရှိစစ်အင်အား ဖြည့်တင်းနေသည့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို လွှမ်းခြုံ သက်ရောက်ခြင်း မရှိပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ TNLA တပ်ဖွဲ့ စခန်းချတပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင် လက်မှတ်ရေးထိုးခဲ့သည့် “ဟိုင်ဂင် သဘောတူညီချက်”ကိုစစ်ကောင်စီတပ်က ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...