Tuesday, January 27, 2026

သျှမ်းမြောက်၌ အပြိုင်အဆိုင် စစ်ပြင်

အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များ အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၇ ရက်နေ့) တွင် ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် တို့၏ ဟိုင်ဂန် သဘောတူညီချက်အရ ညီနောင်တပ်များ ထိုးစစ်မပြုလုပ်ရန်၊ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု မပြုရန် သဘောတူပြီး အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။

“အပစ်ရပ်ပြီးတာနဲ့ စစ်ကာင်စီက လားရှိုးကို လေကြောင်းကနေ တောက်လျှောက် အင်အားဖြည့်နေတာ အခုအထိပဲ။ လားရှိုးကို အခြေခံပြီး ခံစစ်ပြင်နေတာ။ အခုမတ်လ ပထမအပတ်ကစပြီး တပ်တွေ စဖြန့်နေပြီ။ သေချာတာကတော့ စစ်ကောင်စီတပ်က အင်အားထောင်ချီ တပ်ဖြန့်နိုင်တဲ့ အနေအထားတော့ ရှိနေပြီ” စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဖေဖော်ဝါရီ ၂၉ မှ မတ်လ ၁ ရက်နေ့ အထိ ကူမင်းမြို့၌ ပြုလုပ်သည့် ၂ ရက်ကြာ ဟိုင်ဂန် နောက်ဆက်တွဲ ဆွေးနွေးပွဲတွင် တရုတ် ကိုယ်စားလှယ်အဖွဲ့က နယ်စပ်ကုန်သွယ်ရး အမြန်ပြန်ဖွင့်ရန် ဖိအားပေးခဲ့ရာ စစ်ကောင်စီ အနေဖြင့် စစ်ရေးနှင့် ကုန်သွယ်ရေးအရ အရေးပါသည့် သိန္နီဒေသ ပြန်လည်ရရှိရေး စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လာခြင်း ဖြစ်သည်ဟု ၄င်းကသုံးသပ်သည်။

“အခုရက်ပိုင်း စစ်ကောင်စီက ကျောက်မဲကနေ တောက်လျှောက် တပ်ဖြန့်နေတယ်လို့ သတင်းရပါတယ်။ ရနိုင်သမျှ ဆွဲထုတ်ထားတဲ့တပ်တွေနဲ့ စစ်မှုထမ်းဟောင်းတပ်တွေ ပါမယ်။ သိန္နီဘက်ကို တည်မယ်လို့ သိရတယ်။ ဒီတခါ ထပ်ဖြစ်ရင်တော့ သျှမ်းမြောက် တစ်ခုလုံး ကျသွားမှ ရပ်မယ့် သဘောရှိတယ်” ဟု၄င်းကရှင်းပြသည်။

ယင်းသို့ စစ်ကောင်စီတပ် ပြင်ဆင်နေစဥ် စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့တွင် မာရှယ်လော (ခေါ်) စစ်အုပ်ချုပ်ရေး သက်တန်း ထပ်မံတိုးမြှင့်သည့်ဟု ယနေ့ ညနေပိုင်းက လောစပီကာနှင့် လိုက်လံ အော်ဟစ်နေကြောင်း လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။

ထို့အတူ ညီနောင်မဟာမိတ်တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်းများလည်း စစ်ရေးပြင်ဆင်မှုများ ရှိနေပြီး အထူးသဖြင့် စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေသည့် ကျောက်မဲဒေသတွင် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ကျောက်မဲဘက်မှာ TNLA နဲ့ SSPP က စစ်ပြင်တဲ့သဘော တွေ့ရတယ်။ သူတို့ သီးခြားစီပါ။ တပ်ချင်း ပူးပေါင်းတာမျိုးတော့ မကြားသေးဘူး။ SSPP စခန်းတွေက နဂိုကတည်းက သျှမ်းမြောက်မှာ ရှိနေတာပါ” ဟု ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် စစ်ကောင်စီကTNLA သိမ်းပိုက်ထားသည့် မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ခဲ့ပြီးနောက် TNLA ကလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့ ၇ မြို့၌ ညမထွက်ရ အမိန့် ရုတ်သိမ်းကြောင်း မတ်လ ၆ ရက်တွင် တုံ့ပြန် ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...