လားရှိုးလေဆိပ် အဆင့်မြှင့်တင်ပြီး ဂျက်လေယာဉ် ဆင်းသက်နိုင်မည်၊ လေကြောင်း အန္တရာယ် စိုးရိမ်ရ

သျှမ်းပြည် လားရှိုးမြို့ရှိ လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ပြီးပါက ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ ပြေးလမ်းရှိမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် လားရှိုးလေဆိပ်ရှိ လေယာဉ်ပြေးလမ်း အကျယ်ကို ၁၀၀ ပေ မှ ၁၅၀ ပေ အထိ တိုးချဲ့သည်။

ထို့နောက် တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို စစ်အင်ဂျင်နီယာတပ်မှ အရှိန်တင် လုပ်ဆောင်လျက်ရှိရာ မကြာခင် ပြီးစီးတော့မည်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“လားရှိုးလေဆိပ်ကို ဂျက်ဖိုက်တာတွေ ဆင်းနိုင်ဖို့ စစ်ခေါင်းဆောင်အမိန့်နဲ့ အဆင့်မြှင့်လာတာ။ အခု လေယာဉ်ကွင်းကို အမြန် အပြီးသတ်ပြီး စစ်ရေး ပြန်စတော့မယ် ပြောတယ်။ တောင်ကြောတွေမှာ မဟာမိတ်တွေလည်း နေရာယူထားတော့ လေယာဉ် အတက်အဆင်းလုပ်ဖို့ ခက်ဦးမယ်။ စစ်ရဟတ်ယာဉ်နဲ့ လားရှိုးကို အင်အားဖြည့်နေတာတော့ ရှိတယ်”ဟု လားရှိုးမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးလေဆိပ်အနီးတွင် စစ်ကောင်စီတပ် ခလရ-၆၈ နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ တို့ ဝိုင်းရံတည်ရှိပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်းက ညီနောင်မဟာမိတ်တပ်များ၏ ဒရုန်းဖြင့် အနီးကပ် ထောက်လှမ်း၍ ဗုံးကြဲခြိမ်းခြောက်မှုများအထိ ခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“အခုက လောက်ကိုင်ကို လက်လွတ်ပြီး ကိုးကန့်ဒေသပဲ အလွတ်ထားမှာ။ သိန္နီ၊ ကွမ်းလုံ ဒီဟာတွေကို ပြန်ပြီး အထိုင်ချဖို့ လေကြောင်းအားကိုးနဲ့ ပြန်ဖောက်တာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် လေယာဉ်ကွင်းကို အမြန် အပြီးသတ်ဖို့ လုပ်နေတာ။ ခရီးသွား လေကြောင်းလိုင်းတွေ ပေးဆင်းမလား မသေချာသေးဘူး”ဟု လားရှိုးမြို့မှ ၎င်းစစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးလေဆိပ်မှ လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို “၁၀၂၇ စစ်ဆင်ရေး”စတင်သည့် ၂၀၂၃ အောက်တိုဘာလ နောက်ဆုံးပတ်မှ ပိတ်ထားခဲ့ပြီး လက်ရှိအချိန်ထိ လေယာဉ်ခရီးစဉ်များ မစတင်နိုင်သေးဘဲ မန္တလေး-လားရှိုး လမ်းမကြီးပေါ်ရှိ တံတားများလည်း ဖျက်ဆီးခံထားရခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးလေဆိပ်သည် သျှမ်းပြည်မြောက်ပိုင်းရှိ တစ်ခုတည်းသော လေဆိပ်ဖြစ်ပြီး တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆင်းသက်နိုင်ပါက လေကြောင်းတိုက်ခိုက်မှု အန္တရာယ် စိုးရိမ်ရကြောင်း လားရှိုးဒေသခံများက ပြောသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည့် တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် ဖေ‌ဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၁ ရက်အထိ ကူမင်းမြို့၌ စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် သျှမ်းမြောက်ဒေသ စစ်ဘေးဒဏ်မှ ပြန်လည်ထူထောင်နိုင်ရေးတို့ကို ကတိပြုခဲ့ကြသည်ဟု ဆိုသည်။

“ဟိုင်ဂင် သဘောတူညီချက်”အရ သျှမ်းမြောက်တွင် ပစ်ခတ်တိုက်ခတ်မှုများ ရပ်စဲသွားရမည် ဖြစ်သော်လည်း စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲပြီးနောက် စစ်ကောင်စီက TNLA တပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် မြို့များထဲမှ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့ကို မတ်လ ၄ ရက်တွင် မာရှယ်လော ကြေညာခဲ့သည်။

TNLA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည် ဖော်နေသည့် ၎င်းမြို့များကို စစ်ကောင်စီက မာရှယ်လော ကြေညာလိုက်ခြင်းကြောင့် “ဟိုင်ဂင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်”အား လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က မတ်လ ၆ ရက်တွင် တုံ့ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...