စစ်ကောင်စီ
ဟိုပုံးမြို့နယ် နမ်ဟူးကျေးရွာ ပြာကျသည့်အထိ စစ်ကောင်စီ မီးရှို့
သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာကို စစ်ကောင်စီ က ယမန်နေ့ (မတ် ၁၃)ရက် တွင် ပြာကျသည့်အထိ မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့မှ မီးရှို့လိုက်သော ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာသည် အိမ်ခြေ (၁၀၀)ခန့်ရှိကြောင်း၊ ထိုအိမ်များသည် ပြာကျသည့်အထိ မီးလောင်ပျက်စီးသွားကြောင်း...
ပအိုဝ်းလက်နက်ကိုင်များ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦး ပြန်မလွှတ်ပေးသေး
သျှမ်းပြည် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ် တိုက်ပွဲကြားအတွင်း နှစ်ဘက် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် အရပ်သား ၁၆ဦး သည် ယနေ့ထိ ပြန်မလွှတ်မြောက် သေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား ၂၀ ဦးထဲတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဘက်မှ အရပ်သား ၈...
ကျေးသီးမြို့နယ် စစ်ကောင်စီအဖွဲ့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေ
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက SSPP ဌာနချုပ်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်)မှ စတင်ပြီး ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် သည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့...
ပင်လောင်းမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်၊ နမ့်ဖာမှု၊ နောင်ဝိုးနှင့် အနီးတဝိုက်ကျေးရွာတွင် မတ်လ ၁၀ ရက်ကတည်းကစပြီး PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားလာရာ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...
“၁၀၂၇ စစ်ဆင်ရေး” အတွင်း သိန္နီ နေအိမ် ၆၀၀ ထပ်မနည်းပျက်စီး၊နေရာထိုင်ခင်းခက်ခဲ
သျှမ်းပြည် သိန္နီမြို့နယ်တွင် "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တိုက်ပွဲတို့ကြောင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီး၊နေရာထိုင်ခင်း ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ "၁၀၂၇ စစ်ဆင်ရေး"အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာ...
ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် PNO ဂိတ်ဖွင့်ပြီး ပိုက်ဆံတောင်းနေ
သျှမ်းပြည် ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံပြီး ဦးခွန်သန်းထိုက်အောင် (ခ) သန်းထိုက်အောင်ဆိုသူမှ ပိုက်ဆံတောင်းနေကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံဖြင့် ဆိုက်ခေါင်စံပြကျေးရွာ ရပ်ကွက်သူကြီးဆိုသူ ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်က ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ မတ် ၁ ရက်မှစ၍...
မူဆယ် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲ
သျှမ်းပြည် မူဆယ်မြို့တွင် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ၏ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၃ ရက်) နံနက် ၃ နာရီကျော်တွင် မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့်...
စစ်ကောင်စီ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့ အပျက်အစီးများ
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီမှ လက်နက်ကြီး၊ဒရုန်းများ အဆက်မပြတ် ပစ်ခတ်ခဲ့မှုကြောင့် ဘာသာရေး အဆောက်အဦး၊ဈေးနှင့် နေအိမ်အများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့အတွင်းတွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက် နံနက် ၆ နာရီမှ ၁၁ နာရီအထိ တိုက်ပွဲဖြစ် ပွားခြင်မရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့...
ပင်လောင်း စစ်သင်တန်းမတက်ရသေးသူကို PNA အတင်းအဓမ္မ ရှေ့တန်းပို့
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်သင်တန်းမတက်ရသေးသည့် ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNA တပ်စွဲက အတင်းအဓမ္မ လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့၏ တောင်ဘက်ရှိ ကျေးရွာများတွင် စစ်သင်တန်းတက်ပြီးသူများအပြင် မတက်ရသေးသည့် ဒေသခံများကိုပါ ပအိုဝ်းပြည်သူ့စစ်PNA အဖွဲ့က လက်နက်နှင့် စစ်ဝတ်စုံအပြည့်တပ်ဆင်ပေးပြီး မတ်လ ၁၁ ရက်က တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ-ပင်လောင်းနယ်စပ် ရှေ့တန်းသို့ပို့ဆောင်နေကြောင်း ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ “တစ်အိမ်ကို ၁ ယောက်နှုန်း မဖြစ်မနေသွားရမယ်ပြောတယ်။ သူတို့က အလှည့်ကျနဲ့ခေါ်တာ၊ မသွားလို့ မရဘူး။ ကျနော်တို့က စစ်သင်တန်းလည်း မတက်ထားရဘူး။ ဘယ်လိုသေနတ်ကိုင်ပြီးတော့ သွားပစ်နိုင်မလဲ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရှေ့တန်းသို့ မသွားလိုသည့် ဒေသခံလူငယ်များကလည်း အခြားမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်းသိရသည်။ ပင်လောင်းမြို့နယ် နမ့်ဖာမှုရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ကြား ပြီးခဲ့သည့် မတ်လ၁၀ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့ဘက်က ယခုကဲ့သို့ရှေးတန်းသို့သွားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်တွင်လည်း ဆီဆိုင်မြို့နယ် အနောက်ဖက် အောင်ဆုဗွေစခန်းတွင် ဆေးဖြတ်ရန်လာသည့် အသက် ၃၀ ဝန်းကျင်လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ စစ်မှုထန်းရန် ခိုင်းစေရာတွင် ငြင်းဆန်ခဲ့မှုကြောင့် လူငယ် ၁၂ ဦးကို ပစ်သတ်ခဲ့သည်။ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်အတူပူးပေါင်း ပါဝင်တိုက်ခိုက်နေလျက်ရှိသည့် ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က တိုက်ပွဲအတွင်း လူအင်အား၊ ငွေရေးကြေးရေး အင်အားနည်းလာမှုကြောင့် ၎င်းတို့ထိန်းချုပ်ရာဒေသ၌ ဒေသခံများကို ကျပ် ၁ သိန်းမှ ၁၀ သိန်းအထိအခွန် (ဆက်ကြေး) တိုးကောက်လာနေကြောင်း သိရသည်။
စစ်ကောင်စီနှင့် အပေးအယူလုပ်ပြီးနောက် MNDAAက ချင်းရွှေဟော် နယ်စပ်ဂိတ်ပြန်ဖွင့်
သျှမ်းပြည် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် တို့ အပေးအယူလုပ်ပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၁ ရက်) မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့...





