Monday, May 6, 2024

ညောင်ရွှေမြို့နယ် စစ်ကောင်စီ ငွေအဆမတန် တောင်း

Must read

သျှမ်းပြည်တောင်ပိုင်း ညောင်‌ရွှေမြို့နယ် တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ စစ်ဆေးရေးဂိတ်များတွင် ငွေအဆမတန် ကောက်နေကြောင်း စုံးစမ်းသိရသည်။

ညောင်ရွှေမြို့

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ အနီး အဝိုင်းပတ်တွင် ပြီးခဲ့သည့် မတ်လ ပထမ ပတ်မှစ၍ စစ်ကောင်စီနှင့် ပြည်သူ့ စစ် PNO က ကုန်တင်ကားယာဉ်များကိုငွေ အဆမတန် ကောက်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“သူတို့က ဂိတ်မှာပိုက်ဆံကောက်တာ။အမတို့ ပစ္စည်းတင်တာတောင် သူတို့ကိုပိုက်ဆံပေးရတယ်။ အရင်တွေ ကတော့ အဲ့လောက်ထိ မပေးရဘူး။ထင်တာကတော့ ပစ္စည်းတင်တဲ့ကားတွေ လောက်ပဲကောက်တာ ထင်တယ်။”ဟု ကြုံတွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက‌ ပြောသည်။

ထိုသို့ ဂိတ်များမှ ကုန်တင်ကား တစ်စီးလျှင် ငွေကျပ် ၅ သောင်းမှ ၁ သိန်းထိ ငွေအဆမတန်တောင်းခံသည့်အပြင်တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ အနီး၌ လက်ရှိ စစ်ကောင်စီ၏ စစ်ရေးဂိတ် နှစ်နေရာ ရှိနေပြီး ငွေကြေးကောက်ခံ တောင်းယူမှုနှင့် စစ်ဆေးမှု တင်းကြပ်မှု ရှိနေသည့် အတွက် ဒေသခံများက ခက်ခဲနေကြောင်းလည်း သိရသည်။

ထိုလမ်းကြောင်းသည့် မှော်ဘီကျေးရွာ တောင်ဖက် လွိုင်ကော်သွားလမ်း၊ အနောက်ဖက် ပင်လောင်းလမ်း ၊မြောက်ဘက်တောကြီးလမ်းနှင့်အရှေ့ဘက် ဆီဆိုင်မြို့သွားလမ်း ဆုံသည့် နေရာဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article