ပင်လောင်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNA ဘက်ကထိခိုက်ကျဆုံးမှုများ

သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းနှင့်တောင်မဲသင်း တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA ဘက်က ထိခိုက်ကျဆုံးမှု များနေကြောင်း စုံစမ်းသိရသည်။

ဆောင်းပြောင်း ပုံ

ပင်လောင်းမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသော ဆောင်းပြောင်းကျေးရွာအနီးတွင် ယမန်နေ့ (မတ်လ ၁၈ ရက်)က ပြည်သူ့တော်လှန်ရေးအင်းအားစု PDFs နှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ် PNA တို့အကြား တိုက်ပွဲပြင်းထန် ခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကညဆောင်းပြောင်းဘက်မှာ တိုက်ပွဲတော်တော်လေးပြင်းထန်တယ်။ နေ့လယ် ၂ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ ပစ်နေကြတာ။ စစ်ဘေးရှောင်တွေကတော့ မနေ့ကအထုတ်တွေကိုယ်စီဆွဲပြီး ဆိုင်ကယ်နဲ့ ထွက်တဲ့လူလည်းထွက်၊ ကားနဲထွက်လာတဲ့သူကထွက် ပြေးလာကြတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNA ဘက်က ထိခိုက်ကျဆုံးမှုများပြီး ထိခိုက်ဒဏ်ရသည့် ၎င်းတို့တပ်ဖွဲ့ဝင် တပ်သားဦးရေ ၃၀ ခန့်ကို ကန်တာ(Canter)ကား ၂ စီးဖြင့် မြို့ထဲသို့ ဖြတ်ကာ သယ်ဆောင်လာခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကတော့ စစ်တပ်နဲ့ PNA ဘက်ကထိတာများတယ်။ ကျနော်တွေ့တာတော့ ကန်တားကားအပြည့် တစ်စီးရယ်၊ နောက်စစ်တပ်က တစ်စီးရယ် အထိခိုက်တွေနဲ့မြို့ထဲကို ဖြတ်လာတာ တွေ့တယ်။ အနည်းဆုံးကတော့ လူဦးရေ ၃၀ လောက်တော့ရှိတယ်” ဟု ၎င်းမျက်မြင်တစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် ဆောင်းပြောင်း၊ တောင်မဲသင်း၊ နိမ့်နိန်း၊ တောင်စလုံး စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ၃ ထောင်ခန့်က ထပ်မံထွက်ပြေးခဲ့ရပြီး ပင်လောင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် နောင်တရားမြို့ရှိ ဘုန်ကြီးကျောင်းများသို့ လာရောက်ခိုလှုံနေခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF တစ်ဦးက “ ဟုတ်တယ်။ မနေ့ကဆောင်းပြောင်းဘက်မှာ တော်လှန်ရေးအင်အားစုတွေ ပြန်တိုက်နေပါတယ်” ဟု သျှမ်းသံတော်ဆင့် ဖြေကြားသည်။

သို့သော် တိုက်ပွဲအသေးစိတ်ကိုတော့ တော်လှန်ရေးအင်းအားစုတပ်ဖွဲ့ဘက်က တရားဝင်ထုတ်ပြန်သွားမည်ဟု ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNA က ပင်လောင်းမြို့ရှိ ရပ်ကွက်အုပ်ရေးမှူးကို ယမန်နေ့ (မတ်လ ၁၈) ရက် ညနေပိုင်းက အစည်းအဝေးခေါ်ခိုင်းစေပြီး ရိက္ခာထောက်ပံ့ကြေးအတွက် တစ်အိမ်လျှင် ကျပ်ငွေ ၆ သောင်း ထည့်ရန်၊ မထည့်ပါက ရှေ့တန်းတက်ရမည် ဖြစ်ကြောင်း ပင်လောင်းမြို့ခံတစ်ဦးက ပြောသည်။

“မနေ့ညကတော့ ကိုယ့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်တယ်။ တစ်အိမ်ကို ကျပ်ငွေ ၆ သောင်းထည့်ရမယ်။ အခုလို ထည့်ရတာက ရှေ့တန်းမှာတာဝန်ထမ်းနေတဲ့ စစ်သားတွေအတွက် ရိက္ခာထောက် ပံ့ကြေးလို့တော့ ပြောတယ်။ မထည့်နိုင်ရင်ရှေ့တန်းသွားရမယ်။ ရှေ့တန်းသွားရင် ထောက်ပံ့ပေးမယ်ဆိုပြီးလည်း ပြောတယ်။ ကျနော်တို့လူကြီး၊ လူငယ်တွေကတော့ ငြင်းတယ်။ ရှေ့တန်းမသွားဘူး၊ ပိုက်ဆံပေးလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းမြို့ခံတစ်ဦးက ပြောသည်။

ထိုရိက္ခာထောက်ပံ့ကြေးကိုလည်း မတ်လ ၂၀ ရက်မှာ နောက်ဆုံးရက်အဖြစ် ထည့်ရမည်ဖြစ်ကြောင်း၊ မထည့်ပေးပါက အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ပင်လောင်းမြို့ပေါ် အိမ်ခြေ (၂,၃၀၀) ကျော်ရှိရာ ပြည်သူ့စစ် PNA ၏ ရိက္ခာထောက်ပံ့ကြေးအတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...