ကျောက်မဲ စစ်ကောင်စီတပ်က ပြည်သူပိုင်ကား ချောဆွဲပြီး တပ်ဖြန့်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်က ပြည်သူပိုင်ကားများကို ချောဆွဲပြီး တပ်အင်အား ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၈ ရက်) နေ့လည်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ပြည်သူပိုင်ကားများကို ချောဆွဲ၍ ကားသမားများကို မောင်းနှင်ခိုင်းကာ အနီးပတ်ဝန်းကျင် ကျေးရွာများသို့ တပ်အင်အား ဖြန့်ကျက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မနေ့က ပြည်သူပိုင် ဖောကားတွေကို ကျွဲကုန်းလမ်းခွဲနား ညနေစောင်းလောက် တားပြီး ချောပို့ခိုင်းတယ်။ နောင်ချိုဘက်က ဘိလပ်မြေတင်တဲ့ ၁၆ ပေကား တစ်စီး၊ ခိုမုန်းက ၂ စီး၊ မြို့ထဲက ၂ စီး၊ စုစုပေါင်း ၇ စီးလောက်ရှိမယ်။ ပန်ဟက်ရွာနဲ့ ကျောက်မဲကြီးဘက် ဖောကားတွေကို နတ်တောင်ဘက် ၅၀၁/ ၅၀၂ တပ်က ဒီမနက် ထပ်လာခေါ်တယ်လို့ ပြောတယ်”ဟု ကျောက်မဲမြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ အခြေစိုက် စကခ-၁၊ ခလရ-၅၀၁/ ၅၀၂ ၊ အမြောက်တပ်-၃၅၂ နှင့် ဆေးတပ်များမှ စစ်အင်အားများကို ပြည်သူပိုင်ကားများ အသုံးပြုပြီး အနီးတဝိုက်‌ ကျေးရွာများသို့ တပ်ဖြန့်လျက်ရှိကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

“လူတင်ပြီး ဘယ်ကိုသွားလဲမသိဘူး။ ကျောက်မဲကနေ မြို့နားတစ်ဝိုက် နောင်ပိန်၊
နားခေါ် ဒီဘက်တွေ ပို့ခိုင်းတာပေါ့။ ၅၀၂ ထဲက ၂ စီး၊ အမြောက်တပ်ထဲက ၂ စီး လူတင်ပို့ခိုင်းတာ။ ဖောကားအိမ်က မြင့်တော့ ထိုင်ပြီးသွားတာ ကားအောက်ကနေ မမြင်ရဘူး။ တကယ်တမ်း သူတို့ကားရှိတာ အများကြီး မထုတ်သုံးဘူး”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲ စစ်ကောင်စီတပ်မှ ယခုကဲ့သို့ ပြည်သူပိုင်ကားများကို ချောဆွဲပြီး အတင်းအဓမ္မ လိုက်ပို့ခိုင်းခြင်းကြောင့် ကားသမားများမှာ အသက်အန္တရာယ် စိုးရိမ်နေကြပြီး အချို့မှာ လုပ်ငန်းမထွက်ရဲကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

“တပ်ကားက ညီနောင်သုံးဖွဲ့ သိတယ်လေ၊ ပြည်သူကားဆိုရင် သူတို့ မသိဘူးလေ။ လူခိုးဖြည့်နေတော့ ထိပ်တိုက်ဆို ကားသမားသေပြီပဲ။ အခု အုတ်ရိုက်ပို့၊ သဲတင်ပို့တဲ့ ဖောကားတွေ ကြောက်နေရတယ်၊ မလုပ်ရဲ မထွက်ရဲတော့ဘူး”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

အလားတူ မတ်လ ပထမပတ်ကလည်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်များမှ စစ်အင်အား အများအပြားသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အားဖြန့်ကျက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် ဖျက်သိမ်းပြီးနောက် ၎င်းလက်အောက်ခံ တပ်ရင်းများထဲမှ ကုန်းကြမ်း ခလရ (၁၂ ၂) နှင့် လောက်ကိုင် ခမရ (၃၂၂) တပ် တို့ကို ကျောက်မဲတွင် ပြန်လည်၍ တပ်တည်ဆောက်ရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...