ကလောစစ်ဦးစီး တက္ကသိုလ်ကျောင်းအုပ် ရတခ တိုင်းမှူးဖြစ်လာ၊ ရခိုင်စစ်တိုင်းမှူး ဖြုတ်ချခံရ

နိုင်ငံတဝှမ်း စစ်ရှုံးနေသည့် စစ်ကောင်စီက ယခုရက်ပိုင်း အတွင်း စစ်တိုင်းမှူး အပြောင်းအလဲနှင့် အစားထိုး ခန့်အပ်မှုများ ပြုလုပ်ခဲ့ရာ ကလောမြို့ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ် ရတခ တိုင်းမှူးဖြစ်လာပြီး ရခိုင် စစ်တိုင်းမှူးကို ဖြုတ်ချကာ အရန်အင်အား ပို့လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၉ ရက်) တွင်ပြောသည်။

ဗိုလ်ချုပ်ကျော်လင်းမောင်

သျှမ်းတောင်၊ ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ် (ဥစတ) ကျောင်းအုပ် ဗိုလ်ချုပ်ကျော်လင်းမောင် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) စစ်တိုင်းမှူး ဖြစ်လာပြီး ယခင် ရတခ တိုင်းမှူးကို ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယခင် ကမ်းရိုးတန်း ဒေသတိုင်း စစ်တိုင်းမှူးကို နေပြည်တော် စစ်ဌာနချုပ်သို့ ခေါ်ယူထားပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ထင်လတ်ဦးကို ဖြုတ်ချကာ အရန်အင်အား ပို့လိုက်ကာ တိုင်းမှူးသစ် အဖြစ် တပ်မ (၇၇) တပ်မမှူးကို အစားထိုး ခန့်အပ်ခဲ့သည်ဟု စစ်ရးသတင်းရင်းမြစ်က ဆိုသည်။

“အခု ကလော ဥစတ ကျောင်းအုပ်က မွန်နဲ့ ကရင်ကို တွဲကိုင်ရတဲ့ ရတခ တိုင်းမှူး ဖြစ်သွားတယ်ပေါ့။ ကိုထင်လတ်ဦး ကတော့ ရခိုင်မှာ စစ်ရှုံးတာကို ခေါင်းပေါ် ပုံချခံရပြီး အရန်အင်အား ပို့ခံလိုက်ရတယ်ပေါ့။ နောက်ထပ် အပြောင်းအလဲတွေ ထပ်လာအုံးမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်က ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်(ဥစတ) တွင် တက်ရောက်နေသည့် တပ်ရင်းမှူး ၂၄၆ ဦး သင်တန်းဆင်းခဲ့ပြီး ရာထူးတိုးဖြင် စစ်မြေပြင်များတွင် နေရာချထားသည်ဟု ဥစတ နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

လက်ရှိ ကရင်ပြည်နယ်၊ မြဝတီဒေသတွင် တိုက်ပွဲပြင်းထန်နေသကဲ့သို့ ရခိုင်ပြည်နယ် အတွင်း မြို့နယ် ၁၇ ခုရှိသည့် အနက် ၈ မြို့နယ်ကို AA က သိမ်းပိုက်ထားစဥ် ယခုကဲ့သို့ အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတဝှမ်း စစ်ရှုံးနေစဥ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ပဲခူးမြို့တွင် ယတြာချေ ဘုရားထီးတင်နေပြီး မနက်ဖြန် (မတ်လ ၂၀ ရက်နေ့) တွင် ရန်ကုန်မြို့သို့ လာရောက်မည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...