Friday, May 3, 2024

စစ်ကောင်စီ

မိုင်းပျဥ်းဂိတ်၌ စစ်ကောင်စီ စစ်ဆေးမှု တင်းကြပ်သဖြင့် ကားသမားများ အခက်တွေ့နေရ

သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းပျဥ်းမြို့ အဝင်/အထွက် ရှိ မိုင်းပျဥ်းမြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ စစ်သားများက စစ်ဆေးမှု တင်းကြပ်နေသည့် အတွက် ကားသမားများက အခက်တွေ့နေရကြောင်း သတင်း သိရသည်။ ကွန်ဟိန်း - မိုင်းပျဥ်း - တာချီလိတ် လမ်းကြောင်းရှိ မိုင်းပျဥ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ...

စစ်ကောင်စီက ရွာငံမြို့နယ်ကို လေကြောင်းဖြင့် တိုက်ခိုက်၊ ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ

သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့က မြေပြင် ထိုးစစ်ဆင် အပါအဝင် လေကြောင်းလိုင်းဖြင့်လည်း တိုက်ခိုက်မှု ပြုလုပ်နေသည့်အတွက် ဒေသခံ ၅၀၀ နီးပါးက စစ်ရှောင် ထွက်ပြေးနေရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၄ ရက်မှ စတင်ကာ ရွာငံမြို့နယ် နန်းခုံကျေးရွာ နှင့် ရွာငံ...

ပင်လောင်း – ဖယ်ခုံ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် အရပ်သားနေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း - ဖယ်ခုံ နယ်စပ်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ပုံ - မေ ၆ ရက်နေ့က စစ်ကောင်စီမှ ဖယ်ခုံမြို့နယ် လန်းကောကျေးရွာကို...

တစ်နိုင်ငံလုံးက ကုသိုလ်အမျှ ပဇီကြီးမှ ရပါစေ

နိဒါန်း ကျား - ၁၁၈ ဦး၊ မ - ၄၆ ဦး၊ ကျား/မခွဲခြားမရ - ၄ ဦး၊ စုစုပေါင်း ၁၆၈။ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်နေရာတည်း၊ တစ်ချိန်တည်း တွင် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသော အရပ်သားပြည်သူများ၏ စာရင်းဖြစ်သည်။ နေရာအနှံ့ ကြဲပြန့်နေ သော ခန္ဓာကိုယ်အပိုင်းအစများကို ကောက်ယူထုံးဆက်ခဲ့ရသည့်အတွက် တချို့က...

စစ်ကောင်စီ ဖယ်ခုံမြို့နယ်ထဲ တိုက်လေယာဥ်ဖြင့် ဗုံးကြဲ ကလေးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ယနေ့ (မေ ၆) ရက် နံနက် ၃ နာရီခွဲကျော်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၃) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၆) ရက် နံနက် ၃...

လဲချားတိုက်ပွဲအတွင်း သျှမ်းစာသင်ကျောင်း (၂၀) စာသင်ခွင့်မရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နွေရာသီ သျှမ်းစာသင်ကျောင်း ၂၀ နီးပါး စာသင်ခွင့်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေ ၅ ရက်နေ့ နံနက်ပိုင်းတွင် လဲချားမြို့နယ်မှ မြို့နယ် သံဃာတော်အဖွဲ့များ ဦးဆောင်ကာ နွေရာသီ သျှမ်းစာသင်တန်း နှင့် ဗုဒ္ဓဘာသာ...

စစ်ကောင်စီမှ စားအုန်းဆီ ဈေးနှုန်းကျဖို့ ထုတ်ပြန်ထားပေမယ့် ပြင်ပဈေးနှုန်းက မြင့်နေဆဲ

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် စားအုန်းဆီ ဈေးနှုန်းများ လျှော့ကျရန် ထုတ်ပြန်ထားသော်လည်း ပြင်ပဈေးကွက်က မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။ ယခု မေလ ပထမပတ် အတွင်းတွင် တောင်ကြီးမြို့ ၊ လားရှိုးမြို့ တို့လို မြို့ကြီးများ စားအုန်းဆီ ရောင်းဝယ်ရေးများ၌ စားအုန်းဆီ တစ်ပိဿသည် ၇၀၀၀...

သိန္နီ အိုရီယမ်တယ် တိုးဂိတ်ရှိ ဝန်ထမ်းများကို ဓားပြတစ်စုက ဝင်တိုက်

သျှမ်းပြည် လားရှိုးခရိုင် သန္နီမြို့နယ် နမ့်စလပ်ကျေးရွာအထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်တွင် ဓားပြတိုက်တစ်စုက ဝန်ထမ်းများကို ဓားပြဝင်တိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (မေလ ၃ ရက်) ညအချိန်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်ကို ဓားပြဝင်တိုက်သည့် အမျိုးသား ၈ ဦးက တိုးဂိတ်၌ အစောင့်တာဝန်ကျ အမျိုးသား ၂...

သျှမ်း – ကယား နယ်စပ်ဒေသတွင် နေ့စဉ်နီးပါး စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲနေ

သျှမ်းပြည် တောင်ကြီးခရိုင် သျှမ်း - ကယား နယ်စပ်ဒေသ တလျောက်ရှိ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်း မြို့နယ်တွင် နေ့စဉ်နီးပါး စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မေလ ၅ ရက်) နံနက်အစောပိုင်း ၄ နာရီခွဲမှစပြီး...

ကျောက်မဲ အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိမ်းမှောက် ချောင်းထဲပြုတ်ကျသေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ နမ့်စောင်းငေါင်းတံတားပေါ်တွင် အမျိုးသမီး တစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး ချောင်းထဲသို့ ပြုတ်ကျသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မေ ၅ ) ရက် နံနက် ၂ နာရီခွဲ၌ ကျောက်မဲမြို့ရှိ နမ့်စောင်းငေါင်း တံတားပေါ်တွင် အသက် ၃၉ နှစ် နန်းအုန်းညွှန့်တစ်ဦး...

Latest news