တာချီလိတ်နဂါးနှစ်ကောင်ဆရာတော်ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိ

တာချီလိတ်မြို့ ဆန်ကိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ဓမ္မရုံတော်ကြီးတွင် ကျင်းပပြုလုပ်နေသည့် နဂါးနှစ်ကောင်ဆရာတော်ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၃) ရက် ညပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုးကွယ်သည့် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ တရားဟောကြားမည်ဖြစ်ပြီး မင်းအောင်လှိုင်လည်း ရောက်ရှိနေကြောင်း တာချီလိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“တာချီလိတ်မှာ မင်းအောင်လှိုင်ရောက်နေတယ်။ နဂါးနှစ်ကောင်ဆရာတော် စျာပနပွဲလာတာ။ မနေ့ညကလည်း သူတို့အစမ်းလှည့်တယ်ဆိုလားပဲ။ သျှမ်းဝတ်စုံတွေနဲ့ ကျောင်းသူတွေရော၊ လူနာတင်ကားတွေရော၊ စစ်သားတွေရော၊ ရဲတွေရောပြည့်နေတယ်။ အဲ့မှာရပ်ကြည့်နေတဲ့လူကို ဖုန်းသိမ်းခိုင်းတယ်၊ မသိမ်းရင် သိမ်းမယ်ပြောနေတာ” ဟု ၎င်းကပြောသည်။

ထို့အပြင် နဂါးနှစ်ကောင်ဆရာတော်ဈာပနာသို့ တက်ရောက်ရန်အတွက် လူစာရင်းသွင်းရသည့်အပြင် မှတ်ပုံတင် မိတ္ထူပါ ယူဆောင်သွားရကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေသဖြင့် လမ်းဘေးပျံကျစျေးဆိုင်ခန်းများကို ဧပြီလ ၅ ရက်နှင့် ၆ ရက်တွင် ပိတ်ခိုင်းမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂ ရက်တွင်လည်း ဝစီပိတ်ဆရာတော်နှင့်တာဝန်ရှိသူများမှ ဈာပနကွင်းအတွင်း ကြည့်ရှု့စစ်ဆေးခြင်း၊ သီတဂူဆရာတော်အား တချီလိတ်လေဆိပ်၌ ကြိုဆိုခြင်း ပြုလုပ်ခဲ့ပြီး

လာမည့် သင်္ကြန်ကာလ ဧပြီလ ၆ ရက်တွင် အန္တိမအဂ္ဂိဈာပန ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခါစတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ထံသို့ “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့တံဆိပ်တော်ကို တာချီလိတ်မြို့အထိ လာရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...