Tuesday, January 27, 2026

နမ္မတူ အစိုးရအိမ်ရာတွင် နေထိုင်သည့် ပင်စင်စားဝန်ထမ်းများကို TNLA ရွှေ့ပြောင်းခိုင်းနေ

သျှမ်းပြည် နမ္မတူမြို့ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို နေရာပြောင်းရွှေ့ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားလာခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂ ရက်)မှ စတင်ပြီး နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄)ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို ၁၀ ရက်အတွင်း နေရာပြောင်းရွှေ့ပေးရန် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အသိပေး အကြောင်းကြားလာကြောင်း နမ္မတူမြို့ ဒေသခံများက ပြောသည်။

“အိမ်ငှားတဲ့လူတွေကို ဆက်မငှားပေးတော့တာမျိုးပေါ့။ သတ္တုတွင်းနယ်မြေဘက်မှာ ရပ်ကွက်(၁)ကနေ (၇)အထိက အစိုးရမြေတွေလေ။ ဒီဘက်မှာ ပြည်သူပိုင်တဲ့ မြေတွေ မရှိဘူး။ ဒီမှာနေတဲ့ လူတွေက အများအားဖြင့် ကိုယ်ပိုင်အိမ် မရှိကြဘူး။ အခုလို ရွှေ့ခိုင်းတော့ နေစရာမရှိဘူးပေါ့၊ ဘယ်နားသွားနေကြမှာလဲ”ဟု ဖြစ်စဉ်သိရှိသူ နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့ TNLA တပ်ဖွဲ့က ရွှေ့ပြောင်းခိုင်းနေသည့် သတ္တုတွင်း ရပ်ကွက် (၄)ရှိ အစိုးရပိုင်မြေတွင် နေထိုင်နေသည့် ပင်စင်စားဝန်ထမ်းများ၊ ဝင်းမြင့်မိုရ်နှင့် ထွဋ်ထိပ် ဖက်စပ်ကုမ္ပဏီများမှ ဝန်ထမ်းများမှာ အိမ်ထောင်စု ၃၀ ကျော်နှင့် လူဦးရေ (၁၅၀)နီးပါးရှိကြောင်း သိရသည်။

TNLA တပ်ဖွဲ့က နေရာရွှေ့ပြောင်းပေးရန် အကြောင်းကြားလာခြင်းကြောင့် ၎င်းတို့အတွက် နေရာထိုင်ခင်း အခက်အခဲ ဖြစ်နေပြီး အစားထိုး ပြန်လည်နေရာချထားပေးရန် လိုလားကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

“အစိုးရအိမ်ရာမှာပဲ နေလာကြတာ အင်္ဂလိပ်ခေတ်ကတည်းကပဲ။ ပင်စင်စားတွေဆိုတော့ သားသမီးတွေလည်း ရှိလာတော့ မပြန်နိုင်တော့တာမျိုးပေါ့။ တချို့ဆိုရင် အဖီဆွဲပြီးတော့ နေရတာမျိုးတွေတောင် ရှိတယ်။ ပင်စင်စားတွေပဲ ရှိတာမဟုတ်ဘူး၊ ကုမ္ပဏီဝန်ထမ်းတွေလည်း ရှိတယ်”ဟု နမ္မတူမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ နမ္မတူမြို့ရှိ ပင်စင်စားဝန်ထမ်းများကို TNLA တပ်ဖွဲ့က နေရာပြောင်းရွှေ့ခိုင်းခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က TNLA သတင်းနှင့် ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် ရွှေ့ပြောင်းခိုင်းခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“ဒီဝန်ထမ်းတွေကို ရွှေ့ပြောင်းခိုင်းရတဲ့ ရည်ရွယ်ချက်က ဒီတပ်အတွင်းမှာ နေထိုင်ခြင်းသည် သူတို့အတွက် စိုးရိမ်မှုတွေရှိတယ်၊ မလုံခြုံစေတဲ့အတွက်ကြောင့် ကျမတို့ ရွှေ့ပြောင်းခိုင်းတာ ဖြစ်တယ်။ သူတို့ရဲ့ နေရာထိုင်ခင်းကို စီစဉ်ပေးဖို့တော့ ရှိပါတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ နေရာပြောင်းရွှေ့ခိုင်းနေသည့် သတ္တုတွင်းနယ်မြေရှိ ရပ်ကွက်များသည် TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ် ခမရ-၃၂၄ အနီး တည်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်တွင်လည်း ၎င်းတပ်ရင်းအနီး မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံး၍ တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...