နမ္မတူ အစိုးရအိမ်ရာတွင် နေထိုင်သည့် ပင်စင်စားဝန်ထမ်းများကို TNLA ရွှေ့ပြောင်းခိုင်းနေ

သျှမ်းပြည် နမ္မတူမြို့ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို နေရာပြောင်းရွှေ့ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားလာခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂ ရက်)မှ စတင်ပြီး နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄)ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို ၁၀ ရက်အတွင်း နေရာပြောင်းရွှေ့ပေးရန် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အသိပေး အကြောင်းကြားလာကြောင်း နမ္မတူမြို့ ဒေသခံများက ပြောသည်။

“အိမ်ငှားတဲ့လူတွေကို ဆက်မငှားပေးတော့တာမျိုးပေါ့။ သတ္တုတွင်းနယ်မြေဘက်မှာ ရပ်ကွက်(၁)ကနေ (၇)အထိက အစိုးရမြေတွေလေ။ ဒီဘက်မှာ ပြည်သူပိုင်တဲ့ မြေတွေ မရှိဘူး။ ဒီမှာနေတဲ့ လူတွေက အများအားဖြင့် ကိုယ်ပိုင်အိမ် မရှိကြဘူး။ အခုလို ရွှေ့ခိုင်းတော့ နေစရာမရှိဘူးပေါ့၊ ဘယ်နားသွားနေကြမှာလဲ”ဟု ဖြစ်စဉ်သိရှိသူ နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့ TNLA တပ်ဖွဲ့က ရွှေ့ပြောင်းခိုင်းနေသည့် သတ္တုတွင်း ရပ်ကွက် (၄)ရှိ အစိုးရပိုင်မြေတွင် နေထိုင်နေသည့် ပင်စင်စားဝန်ထမ်းများ၊ ဝင်းမြင့်မိုရ်နှင့် ထွဋ်ထိပ် ဖက်စပ်ကုမ္ပဏီများမှ ဝန်ထမ်းများမှာ အိမ်ထောင်စု ၃၀ ကျော်နှင့် လူဦးရေ (၁၅၀)နီးပါးရှိကြောင်း သိရသည်။

TNLA တပ်ဖွဲ့က နေရာရွှေ့ပြောင်းပေးရန် အကြောင်းကြားလာခြင်းကြောင့် ၎င်းတို့အတွက် နေရာထိုင်ခင်း အခက်အခဲ ဖြစ်နေပြီး အစားထိုး ပြန်လည်နေရာချထားပေးရန် လိုလားကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

“အစိုးရအိမ်ရာမှာပဲ နေလာကြတာ အင်္ဂလိပ်ခေတ်ကတည်းကပဲ။ ပင်စင်စားတွေဆိုတော့ သားသမီးတွေလည်း ရှိလာတော့ မပြန်နိုင်တော့တာမျိုးပေါ့။ တချို့ဆိုရင် အဖီဆွဲပြီးတော့ နေရတာမျိုးတွေတောင် ရှိတယ်။ ပင်စင်စားတွေပဲ ရှိတာမဟုတ်ဘူး၊ ကုမ္ပဏီဝန်ထမ်းတွေလည်း ရှိတယ်”ဟု နမ္မတူမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ နမ္မတူမြို့ရှိ ပင်စင်စားဝန်ထမ်းများကို TNLA တပ်ဖွဲ့က နေရာပြောင်းရွှေ့ခိုင်းခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က TNLA သတင်းနှင့် ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် ရွှေ့ပြောင်းခိုင်းခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“ဒီဝန်ထမ်းတွေကို ရွှေ့ပြောင်းခိုင်းရတဲ့ ရည်ရွယ်ချက်က ဒီတပ်အတွင်းမှာ နေထိုင်ခြင်းသည် သူတို့အတွက် စိုးရိမ်မှုတွေရှိတယ်၊ မလုံခြုံစေတဲ့အတွက်ကြောင့် ကျမတို့ ရွှေ့ပြောင်းခိုင်းတာ ဖြစ်တယ်။ သူတို့ရဲ့ နေရာထိုင်ခင်းကို စီစဉ်ပေးဖို့တော့ ရှိပါတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ နေရာပြောင်းရွှေ့ခိုင်းနေသည့် သတ္တုတွင်းနယ်မြေရှိ ရပ်ကွက်များသည် TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ် ခမရ-၃၂၄ အနီး တည်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်တွင်လည်း ၎င်းတပ်ရင်းအနီး မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံး၍ တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...