TNLA ထိန်းချုပ်နယ်မြေ နမ္မတူမြို့ပေါ် တအာင်းအမျိုးသမီးဖိုရမ် ကျင်းပ

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၈ နှင့် ၂၉ ရက်တို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့၌ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ ဦးဆောင်၍ ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသမီးကိုယ်စားလှယ် (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။။

“နိုင်ငံရေး အခန်းကဏ္ဍ အပါအဝင် ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်၊ တအာင်းဒေသ အသီးသီးရှိ အမျိုးသမီးအပေါ် အန္တရာယ်ဖြစ်စေသည့် ဓလေ့ထုံးတမ်းများ ဖော်ထုတ်နိုင်ဖို့နဲ့ လျှော့ချနိုင်မည့် နည်းလမ်းတွေ ရှာဖွေနိုင်ဖို့ ဖိုရမ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းဖိုရမ်သို့ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နမ္မတူနှင့် မိုးမိတ်မြို့နယ်ရှိ တအာင်းအရပ်ဘက် အဖွဲ့အစည်းများ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကျေးရွာအကြမ်းဖက်မှု လျှော့ချရေးကော်မတီဝင်များမှ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့တွင် ကျင်းပခဲ့သည့် ဖိုရမ်ဆွေးနွေးပွဲ နှစ်ရက်တာအတွင်း ကျား-မ ခွဲခြားမှုနှင့် ဓလေ့ထုံးတမ်းများကြောင့် အမျိုးသမီးများကို ခွဲခြားဖိနှိပ်သည့် အကြမ်းဖက်မှုများ၊ စစ်ပွဲပဋိပက္ခအတွင်း ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဖော်ထုတ်ခြင်း၊ လက်ရှိတွင် နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတွင် အမျိုးသမီးပါဝင်မှုများကို ဆွေးနွေးခဲ့ကြောင်း မတ်လ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“လက်ရှိနိုင်ငံရေး အခြေအနေအရ အမျိုးသမီးများအတွက် လုံခြုံမှုမရှိနေခြင်း၊ အကြမ်းဖက်ခံရမှုများ ရှိနေသော်လည်း တိုင်ကြားရန် နေရာ အခက်အခဲရှိနေခြင်း၊ အမျိုးသမီးများအပေါ် အန္တရာယ်ရှိနေသည့် ဓလေ့ထုံးတမ်း – အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရသည့် အမျိုးသမီးများကို ရွာပြင်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံနေခြင်း စသဖြင့် များစွာ ရှိနေပါတယ်”ဟု TWO ပြောရေးဆိုခွင့်ရှိသူ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် တအာင်းအမျိုးသမီးအဖွဲ့သည် အမျိုးသမီးထုအား ကိုယ်စားပြုပြီး နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတွင် အမျိုးသမီးကိုယ်စားပြု ပါဝင်မှု လျစ်လျူရှုနေခြင်းကို ကန့်ကွက်ရှုတ်ချပြီး ကျား-မ တန်းတူရေး ရရှိလာရန်အတွက် ဖိုဝါဒ ကြီးစိုးမှုကို တော်လှန်တိုက်ထုတ်သွားမည်ဟုလည်း မတ်လ ၃၁ ရက် ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...