Tuesday, January 27, 2026

TNLA ထိန်းချုပ်နယ်မြေ နမ္မတူမြို့ပေါ် တအာင်းအမျိုးသမီးဖိုရမ် ကျင်းပ

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၈ နှင့် ၂၉ ရက်တို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့၌ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ ဦးဆောင်၍ ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသမီးကိုယ်စားလှယ် (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။။

“နိုင်ငံရေး အခန်းကဏ္ဍ အပါအဝင် ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်၊ တအာင်းဒေသ အသီးသီးရှိ အမျိုးသမီးအပေါ် အန္တရာယ်ဖြစ်စေသည့် ဓလေ့ထုံးတမ်းများ ဖော်ထုတ်နိုင်ဖို့နဲ့ လျှော့ချနိုင်မည့် နည်းလမ်းတွေ ရှာဖွေနိုင်ဖို့ ဖိုရမ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းဖိုရမ်သို့ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နမ္မတူနှင့် မိုးမိတ်မြို့နယ်ရှိ တအာင်းအရပ်ဘက် အဖွဲ့အစည်းများ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကျေးရွာအကြမ်းဖက်မှု လျှော့ချရေးကော်မတီဝင်များမှ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့တွင် ကျင်းပခဲ့သည့် ဖိုရမ်ဆွေးနွေးပွဲ နှစ်ရက်တာအတွင်း ကျား-မ ခွဲခြားမှုနှင့် ဓလေ့ထုံးတမ်းများကြောင့် အမျိုးသမီးများကို ခွဲခြားဖိနှိပ်သည့် အကြမ်းဖက်မှုများ၊ စစ်ပွဲပဋိပက္ခအတွင်း ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဖော်ထုတ်ခြင်း၊ လက်ရှိတွင် နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတွင် အမျိုးသမီးပါဝင်မှုများကို ဆွေးနွေးခဲ့ကြောင်း မတ်လ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“လက်ရှိနိုင်ငံရေး အခြေအနေအရ အမျိုးသမီးများအတွက် လုံခြုံမှုမရှိနေခြင်း၊ အကြမ်းဖက်ခံရမှုများ ရှိနေသော်လည်း တိုင်ကြားရန် နေရာ အခက်အခဲရှိနေခြင်း၊ အမျိုးသမီးများအပေါ် အန္တရာယ်ရှိနေသည့် ဓလေ့ထုံးတမ်း – အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရသည့် အမျိုးသမီးများကို ရွာပြင်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံနေခြင်း စသဖြင့် များစွာ ရှိနေပါတယ်”ဟု TWO ပြောရေးဆိုခွင့်ရှိသူ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် တအာင်းအမျိုးသမီးအဖွဲ့သည် အမျိုးသမီးထုအား ကိုယ်စားပြုပြီး နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတွင် အမျိုးသမီးကိုယ်စားပြု ပါဝင်မှု လျစ်လျူရှုနေခြင်းကို ကန့်ကွက်ရှုတ်ချပြီး ကျား-မ တန်းတူရေး ရရှိလာရန်အတွက် ဖိုဝါဒ ကြီးစိုးမှုကို တော်လှန်တိုက်ထုတ်သွားမည်ဟုလည်း မတ်လ ၃၁ ရက် ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...