Friday, May 3, 2024

စစ်ကောင်စီ

ဆီဆိုင်မြို့နယ် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PNO က ပစ်ခတ်ခဲ့သည်ဟု PNFC ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း သံတမန်ယာဉ်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဟိုပုံး - ဆီဆိုင် ပြည်ထောင်စု...

ကျိုင်းတုံလေဆိပ်ကို လာအို၊ တရုတ် နှင့် ထိုင်း နိုင်ငံများမှ လေယာဉ် တိုက်ရိုက်ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်မည်ဟု စစ်ခေါင်းဆောင်ပြော

သျှမ်းပြည် ကျိုင်းတုံလေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရန် အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့သည်။ ယမန်နေ့ (မေလ ၁၁) ရက် ညနေပိုင်းအချိန်၌ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ပြီး ကျိုင်းတုံလေဆိပ်ကို ပြည်တွင်းတွင် အသုံးပြုနေသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု နစကဉက္ကဌ မှ...

ပင်လောင်းမြို့နယ်တွင်း တိုက်ပွဲရက်ရှည်ကြာလာသည့်အတွက် PDF များ လက်နက်ခဲယမ်းခက်ခဲနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တွင်း တိုက်ပွဲရက်ရှည် ကြာလာသည့် အတွက်ကြောင့် PDF များ လက်နက် အခက်ခဲ ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ၃ လ နီးပါး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ် နယ်စပ် တောင်စလုံး...

တောင်ကြီး အိမ်ဖော်အမျိုးသမီးတစ်ဦး အိမ်ရှင်၏ ရွှေဆွဲကြိုး နှင့် စိန်လက်စွပ် ခိုးယူ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် အိမ်သန့်ရှင်းရေးအဖြစ် ခန့်ထားသည့် အိမ်ဖော် အမျိုးသမီးတစ်ဦးက အိမ်တွင်းရှိ ရွှေဆွဲကြိုး နှင့် စိန်လက်စွပ်ကို ခိုးယူပြီး ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေ ၁၁) ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိ အိမ်တစ်အိမ်၌ အိမ်သန့်ရှင်းရေးအဖြစ် ခန့်ထားသည့် အိမ်ဖော်အမျိုးသမီး တစ်ဦးသည်...

မိုင်းကိုင်မြို့နယ် အတွင်း မိုင်းပေါက်ကွဲ အရပ်သားကား နှင့် လူထိခိုက်မှုရှိ

သျှမ်းပြည် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ နှင့် တုံလောကျေးရွာ အကြားရှိ တောင်တက်လမ်း၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် အရပ်သား ကား ၂ စီး ထိခိုက်ရသည့် အပြင် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် မွန်းလွဲပိုင်း ၁၂...

သျှမ်းပြည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ်များ စောင့်ဆိုင်းပေးနေရ

သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြည်သူ့စစ်များ နှင့် အရာရှိ ဗိုလ်များပါ လာရောက်စောင့်ဆိုင်းပေးနေရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည် တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင်ထဲရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များထဲ ပြည်သူ့စစ်များ လာရောက်စောင့်ပေးနေရကြောင်း ခရီးသွားသူများထံ သိရှိရသည်။ အဆိုပါ ပြည်သူ့စစ်များ စောင့်ဆိုင်းပြီး စစ်ဆေးပေးနေသည့် ဂိတ်များသည် မိုင်းကိုင် နှင့်...

လဲချားမြို့ရောက် စစ်ဘေးရှာင် တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်မှ စစ်ဘေးရှောင်များ အချို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် လဲချားမြို့ရောက် စစ်ရှောင် ၅၀၀ ကျော်တို့မှ ဟော်ခမ်းကျောင်းတိုက်၊ ကျောင်းခမ်း ကျောင်းတိုက် နှင့် ဆလိုင်းခုမ်ကျောင်းတိုက်မှ စစ်ဘေးရှောင်တို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း...

ဟိုပုံးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အတွင်းထိ ရေများဝင်

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမဘေးရှိ နေအိမ်ထိ ရေများစီးဝင်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်တောင်း ပရဟိတကျောင်း သွားလမ်းဘေးရှိ နေအိမ်၌ ရေနုတ်မြောင်း မရှိသဖြင့် နေအိမ်၏ အောက်ထပ်အတွင်းသို့ ရေများစီးဝင်နေကြောင်း...

အမျိုးသမီးအပါအဝင် တောင်ကြီးက လူငယ် ၃ ဦး ထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ပေါ် နေထိုင်သည့် လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာ လက်ရှိတွင် လူငယ် ၃ ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယခု ဧပြီလဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့ပေါ်ရှိ လူငယ်များကို စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး၌ ပါဝင်သည် ဆိုသည့်...

နေအိမ်ထဲ နေထိုင်ခွင့် မပေးသည့် အိမ်ရှင်ကို TNLA တပ်ဖွဲ့က သေနတ်မောင်းတင် ခြိမ်းခြောက်

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့သည် နေအိမ်ထဲ စခန်းချ နေထိုင်ခွင့် မပြုသည့် အိမ်ရှင်များကို သေနတ်မောင်းတင် ခြိမ်းခြောက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် နမ့်ခမ်းမြို့နယ် ဟိုပုံ (ဝၢၼ်ႈႁူဝ်ပုင်ႇ)ကျေးရွာ အတွင်းသို့...

Latest news