ပြင်ဦးလွင် စစ်တက္ကသိုလ်အနီး ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ၊ လုံခြုံရေး တင်းကျပ်စစ်ဆေးနေ

ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၈ ရက်) နံနက် ၄ နာရီခန့်တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ပြီး လက်ရှိတွင် ပြင်ဦးလွင်မြို့ပေါ်နှင့် မြို့အဝင်အထွက် နေရာများတွင် စစ်ကောင်စီတပ်က လုံခြုံရေး တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ပြင်ဦးလွင်ဒေသခံများက ပြောသည်။

“DSA နား လက်နက်ကြီး ကျတယ်ပြောတယ်။ ဒီမနက် အစစ်အဆေး များမှ ထူးဆန်းတယ်ပေါ့။ မြို့တွင်းထဲမှာတော့ အားလုံးပုံမှန်ဆိုတော့ ဖြစ်လို့ဖြစ်မှန်း မသိသူများတယ်။ မြို့အဝင်အထွက် တွေမှာ ပိတ်ပြီးတော့ အစစ်အဆေး လုပ်နေတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယနေ့ (ဧပြီလ ၈ ရက်) နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း (ပကဖ) က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ နေထိုင်သည့် အဆောင်အနီးသို့ (၄)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း နေပြည်တော်ရှိ စစ်ကောင်စီတပ်၏ စစ်ရုံးချုပ်ရှိရာ (ကက ကြည်းတပ်)၊ အေလာ လေတပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်တို့ကို PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက ဒရုန်းအစီးပေါင်း ၃၀ ‌ကျော်ဖြင့် တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်တက္ကသိုလ် တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် နောင်ချိုမြို့နယ်ရှိ သံဘိုရွာ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့အပြင် ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည့် သျှမ်း-မန္တလေး နယ်စပ်ရှိ ကျောက်မဲလေး ကျေးရွာတွင်လည်း ဇန်နဝါရီလ နောက်ဆုံးပတ်အထိ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...