မိုင်းယောင်းမြို့ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင် သေနတ်ပစ်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ်ပစ်ခံရ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၈ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီး ဖွင့်လှစ်ထားသည့် “ဧဝရတ်”ရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်သူ လူငယ် (၄) ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို သေနတ်ပစ်ခတ် ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများကို ဓားပြတိုက် လုယူသွားခဲ့ကြောင်း မိုင်းယောင်းမြို့ ဒေသခံများက ပြောသည်။

“ဆိုင်ကယ်နှစ်စီးနဲ့ အားလုံး ၄ ယောက်လာတာ မျက်နှာတောင် မအုပ်ထားဘူး။ ဆိုင်ရှင်လည်း အဝတ်ဆိုင်နောက်မှာ ဝင်ပုန်းတာတောင် လိုက်ပစ်ခံရပြီး ခြေထောက်ကို သေနတ်ကျည် မှန်သွားတယ်။ မိန်းကလေးတစ်ယောက်က အိမ်မှာနေရင်း သွားကြည့်မိတာ၊ သေနတ်ပစ်ခံရပြီးတော့ ဆုံးသွားတယ်။ ရွှေထည့်ထားတဲ့ ကတ္တပါဗန်း ၃ ဗန်း ပါသွားတယ်”ဟု မိုင်းယောင်းမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းယောင်းမြို့တွင် ရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူများသည် လမ်းမပေါ် သေနတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၃၀ နှစ်ဝန်းကျင်ရှိ နန်းခမ်းမွန်း ဆိုသူ အမျိုးသမီးမှာ ဝမ်းဗိုက်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း မိုင်းယောင်းမြို့ ဒေသခံများထံမှ သိရသည်။

“ဆုံးသွားတဲ့တစ်ယောက်က ရွှေဆိုင်က မဟုတ်ဘူး၊ ဘေးအိမ်မှာ ဖိနပ်ဆိုင်ဖွင့်တဲ့ အမျိုးသမီးလေး။ သူက သမီးလည်း ၂ ယောက်ရှိတယ်၊ တစ်ယောက်က လသားအရွယ် နို့စို့ကလေးပဲ ရှိသေးတာ။ ဓားပြ ၄ ယောက်လုံးက သေနတ်ကိုင်ပြီး လမ်းပေါ်ထွက်လာတဲ့ လူတွေကို လျှောက်ပစ်တော့ သူ့ကို သေနတ်ကျည်ဆံ မှန်သွားတာ” မိုင်းယောင်းမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းယောင်းမြို့ရှိ “ဧဝရတ်”ရွှေဆိုင်ကို ‌ သေနတ်ဖြင့်ခြိမ်းခြောက်ပြီး ဓားပြတိုက်ခံရမှုကြောင့် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် ကတ္တပါဗန်း ၃ ဗန်း လုယူခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသမီးက ပြောသည်။

လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သည့် သေနတ်ကိုင်ဆောင်သူ ၎င်းလူငယ် (၄) ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ပွားခဲ့သည့် ဓားပြတိုက်ခံရမှု ဖြစ်စဉ်မှာ မိုင်းယောင်းမြို့တွင် ပထမဆုံးအကြိမ် ဖြစ်ခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ပြီး ဈေးဆိုင်များ ပိတ်သိမ်းလိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

မိုင်းယောင်းမြို့နယ်သည် သျှမ်းပြည် အရှေ့ဘက် အကျဆုံး မြို့နယ်ဖြစ်ပြီး အိမ်နီးချင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...