တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော် ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေ့ချင်းပြန် လာရောက်

ယမန်နေ့ (ဧပြီလ ၅ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့၌ ကျင်းပပြုလုပ်နေသည့် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က နေ့ချင်းပြန် ရောက်ရှိလာခဲ့ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၃ ရက်တည်းက တာချီလိတ်မြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ၍ ဈာပန အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားသည့် လောင်တိုက် ထားရှိရာ ကွင်းပြင်အနီးတဝိုက်နှင့် ရုပ်ကလာပ် ပင့်ဆောင်မည့် လမ်းတလျှောက်တွင် လုံခြုံရေး ထူထပ်စွာ ချထားကြောင်း တာချီလိတ် ဒေသခံများထံမှ သိရသည်။

ယနေ့ (ဧပြီလ ၆ ရက်) တွင် ကျင်းပမည့် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပန အခမ်းအနားကို တက်ရောက်မည့်သူများအနေဖြင့် စာရင်းသွင်းရမှာဖြစ်ပြီး မှတ်ပုံတင်မိတ္တူပါ ယူဆောင်လာရမည်ဖြစ်ကြောင်း တာချီလိတ်ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ စစ်ရုံးချုပ် (ကက ကြည်းတပ်)၊ အေလာ လေတပ်နှင့် မင်းအောင်လှိုင်နေအိမ်တို့ကို PDF တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့ (ဧပြီလ ၅ ရက်)တွင် တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ‌ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိသည် သျှမ်းထေရ်ကြီးဝါကြီး ဆရာတော်တစ်ပါးဖြစ်ပြီး သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါတွင် သက်ကြီးရောဂါဖြင့် ဖေဖော်ဝါရီလ ၈ ရက်တွင် ဘဝနတ်ထံ ပျံလွန်သွားခဲ့သည်။
ထိုစဉ်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တာချီလိတ်မြို့သို့ လာရောက်ပြီး နဂါးနှစ်ကောင် ဆရာတော်၏ ရုပ်ကလာပ်ကို လာရောက်ဖူးမြှော်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခါစတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ထံသို့ “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ကို တာချီလိတ်မြို့အထိ လာရောက်ဆက်ကပ်လှူဒါန်းခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...