စစ်ကောင်စီ
သိန္နီမြို့ လောင်ကစားဝိုင်း MNDAA မထိန်းချုပ်နိုင်သေး
သျှမ်းပြည် MNDAA ထိန်းချုပ်ထ သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသော်လည်း လောင်းကစားဝိုင်းများကို ယနေ့ထိတိုင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် တိုးချဲ့ဖွင့်လှစ်လာကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ထို့လောင်းကစားဝိုင်းများသည် သိန္နီမြို့ လယ်ဘုရားအနီးတွင် လောင်းကစားဝိုင်းများတွင် စတင်ဖွင့်လှစ်လာပြီး၊ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင်လည်း မိုင်းပါးကျေးရွာ စားသင်ကျောင်းနှင့်...
နောင်ချို စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲ လက်နက်ကြီးပစ် အမျိုးသမီးတစ်ဦးထိမှန်၊ နေအိမ်ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးထိမှန်ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးနှင့် အုမ္မသီးလမ်းခွဲတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်နှင့် သုံးဆယ်ရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးလာရောက်ကြဲချမှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။ “မနေ့ကတော့ ညပိုင်း သုံးလေးလုံး လာပစ်တာရှိတယ်၊ တမြန်နေ့ကတော့ တနေကုန် ပစ်တာ။ ရှေ့ရက်ကတော့ ရွာထဲ ဒရုန်းဗုံးသီးကျပြီး လူနေအိမ် ပျက်စီးတာရှိတယ်။ စစ်တပ်က ညီနောင်မဟာမိတ်နဲ့ PDF တွေ ရွာထဲမှာ ရှိတယ်အထင်နဲ့ ဆမ္မဆယ်ကတော့ ပြောရရင် နေ့တိုင်းလိုလိုလက်နက်ကြီး ကျတယ်”ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဇွန်လ ၁၂ ရက်တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ဆမ္မဆယ်ကျေးရွာရှိ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲ၍အမျိုးသမီးတစ်ဦး ထိမှန်ကာ ခြေလက်ထိခိုက်ပျက်စီးခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ အလားတူ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ကလည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး(၈)လုံး ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ “ဆမ္မဆယ်ကတော့ ၂ ရက်ဆက်တိုက် ကျတာပေါ့၊ ရွာသားတွေတော့ တော်တော်များများ မနေရဲကြတော့ဘူး။ တချို့နေရာတွေမှာလည်း စစ်ကောင်စီက စစ်နေတာရှိတယ်။ ဆီဆုံ၊ ပါဟက်၊ ချောင်းကြီး ၇/၈ ရွာတွေကို တိုက်ပွဲမဖြစ်ပဲနဲ့ ညီနောင်မဟာမိတ်တွေက ရှေ့နှစ်ပတ်ကတည်းကရှောင်ခိုင်းနေတာရှိတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ နောင်ချိုမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ပြန်လည်စတင်လာသည့် တကျော့ပြန်တိုက်ပွဲ ၂ လနီးပါးအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ ထို့အပြင် ဇွန်လ (၁) ရက်နေ့မှ (၁၆) ရက်အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး(၄)လုံးနှင့် လက်နက်ကြီး(၄၂)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။
ဆီဆိုင် မီးလောင် နေအိမ်ထောက်ပံ့ကြေး စစ်ကောင်စီ ဘက်တော်သားနှင့် နီးစပ်သူသာရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲများကြောင့်မီးလောင်ပျက်စီးခဲ့ရသည့်နေအိမ်များအတွက် ထောက်ပံ့ကြေးကို စစ်ကောင်စီ ဘက်တော်သားများနှင့် နီးစပ်သူများသာ ရရှိကြောင်း မြို့ခံတစ်ဦးက ယနေ့ (ဇွန် ၁၈)ရက်တွင် ပြောသည်။ စစ်ကောင်စီဘက်တော်သားများဖြစ်ကြသည့် စစ်ကောင်စီအသိုင်းအဝိုင်း နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့ နှင့် နီးစပ်သူများသာ ရရှိကြသည်။ ထိုမီးလောင်းသွားသည့် နေအိမ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁...
သိန္နီမြို့နယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံး
သျှမ်းပြည် သိန္နီမြို့နယ်တွင် ခြံရှင်းနေသည့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် နေ့လည် ၁ နာရီခန့်တွင် သိန္နီမြို့နယ် ပန်စုံရွာအနီး စစ်ကောင်စီတပ်၏ ခလရ-၂၄၀ တပ်ရင်းရှေ့၌ အမျိုးသမီးတစ်ဦး နှမ်းကြဲရန်အတွက် ခြံရှင်းရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်...
ထီးချိုင့်၌ ပသုံးလုံးဂိုဏ်း သောင်းကျန်းနေ
SHAN -
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၌ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG လက်အောက်ခံ ပသုံးလုံးဂိုဏ်း လက်နက် အားကိုးဖြင့် ဒေသခံ ပြည်သူလူထုကို အနိုင်ကျင့် သောင်းကျန်းနေကြောင်း ဒေသခံများက ယနေ့ (ဇွန်လ ၁၇ ရက်) တွင် ပြောသည်။ NUG ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့...
ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့် စစ်ကောင်စီပြန်မလွှတ်သေး
သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တစ်ပတ်ကြာသည့် အထိ ပြန်လွှတ်လာခြင်းမကြားရသေးကြ PNLO ဘက်ကပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၅၉ ဦးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားပြီး ကျေးရွာရှိခန်းမ၌...
“သူတို့ အသတ်ခံခဲ့ရသည်”
“အလောင်းတော့ ပြန်ရတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မြညှိ က ငိုရင်းပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ အတွင်းက စတင်ခဲ့သည့် သျှမ်းတောင်၊ ဆီဆိုင်မြို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် မြို့ခံများထဲတွင် ဒေါ်မြညှိတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။ ပြင်းထန်သည့် ဆီဆိုင်မြို့ပေါ် တိုက်ပွဲများကြောင့် ဒေသတွင်းရှိ ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ပြီးနောက်...
ညောင်ရွှေတိုက်ပွဲအတွင်းသေဆုံး စစ်ကောင်စီ အလောင်း ၄၀ ကျော်ကို PDF ဘက်မှ သင်္ဂြိုဟ်ပေးခဲ့ရ
သျှမ်းပြည် ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို စစ်ကောင်စီက ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိသည့်အတွက် PDF ဘက်မှ အလောင်းများအား သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၁၃ ရက် ညောင်ရွှေမြို့ ညောင်လေးနှင့် ရေပူရွာအကြား ဖြစ်ပွားခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က...
မြစ်ကြီးနားမြို့ စက်သုံးဆီများ အကန့်အသတ်ဖြင့် ရောင်းချပေးနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲများကြောင့် စက်သုံးဆီဈေးများ မြှင့်တက်ကာ အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ တိုက်ပွဲများကြောင့် လမ်းကြောများပိတ်ကာ စက်သုံးဆီဈေးများ မြှင့်တက်ခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေရ ပြီး အချို့စက်သုံးဆီဆိုင်ကြီးများလည်း ပိတ်ထားရကြောင်း မြစ်ကြီးနားမြို့...
စံကားဒေသရှိ PNOဂိတ် တိုက်ခိုက်ခံရ၊ PNOတပ်သားသုံးဦးသေ
SHAN -
ညောင်ရွှေမြို့နယ် စံကားဒေသ လုံကန်ရွာ အနီးရှိ နမ်းဟူးရွာလမ်ဆုံတွင်ရှိသောလမ်းဆုံတွင်ရှိသော ဦးခွန်ဇော့ ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန် ၁၅ရက် နံနက် ၈နဦရီတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး PNOပြည်သူ့စစ် စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားသုံးဦးထံမှ သေနတ်အရှည်သုံးလက်၊သေနတ်တိုတစ်လက်နှင့် တစ်ခြားဆက်စပ်ပစ္စည်း များလည်း...





