မိုင်းရယ်မြို့နယ် စစ်ကောင်စီဂိတ် စစ်ဆေးမှုကြမ်းပြီး ငွေညှစ်တောင်းခံနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ် လားရှိုး-မိုင်းရှူးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ ယာယီစစ်ဆေးရေး ဂိတ်တွင် ကြမ်းတမ်းစွာ စစ်‌ဆေးမှုများ ပြုလုပ်နေပြီး ငွေညှစ်တောင်းခံနေကြောင်း သတင်းရရှိသည်။

မိုင်းရယ်မြို့နယ်အတွင်း မန်ပုံရွာအနီးရှိ ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ်နှင့် နမ့်ဟ တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (၂) ခုတို့သည် မေလ နောက်ဆုံးပတ်မှ စတင်၍ ကြမ်းတမ်းစွာ စစ်‌ဆေးမှုများ ပြုလုပ်နေပြီး ခရီးသွားများထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြာင်း အသက် ၄၀ ဝန်းကျင် မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ဆန်တွေ ပစ္စည်းတွေ တင်လာရင်လည်း စစ်တယ်။ ကျနော်တို့ ပြည်သူတွေ ဆန်တစ်အိတ် စားဖို့ပါလည်း ပိုက်ဆံတောင်းတယ်။ တချို့မပေးနိုင်တော့ ပစ္စည်းထားခဲ့ရတာ ရှိတယ်။ ဆိုင်ကယ်တွေနဲ့ ကားကြီး၊ ကားသေးတွေကို ကြည့်ပြီး ကောက်တာပေါ့။ ပိုက်ဆံတောင်းလို့ ငါးထောင်လျော့ရင်တောင် ပေးမဖြတ်ဘူး။ မပေးနိုင်ရင်လည်း နာရီပိုင်း ဖမ်းထားတာပေါ့”ဟု မိုင်းရယ်မြို့နယ်မှ အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းရယ်မြို့နယ်အတွင်းရှိ လားရှိုး-မိုင်းရှူး လမ်မကြီးပေါ်တွင် စစ်ကောင်စီတပ်မှ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စတင်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ စစ်ဆေး မှု ကြမ်းတမ်းပြီး ငွေတောင်းခံမှုများ ပြုလုပ်နေသေးကြောင်း ဒေသခံများက ပြောသည်။

မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ- ၃၂၅၊ ခြေလျင်တပ်ရင်း ခလရ ၆၇ နှင့် ခြေလျင်တပ်ရင်း ခလရ-၂၂ တို့ အခြေစိုက်ထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များကို အတင်းအဓမ္မ ငွေကြေးတောင်းခံ ကောက်ယူမှုများ ပိုမိုများပြားလာကြောင်း ခရီးသွားယာဉ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၁၀၅ယောက်ကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ၁၂ ဘီးကားနှင့် ၆ ဘီးကား နှစ်စီးဖြင့် မိုင်းရယ်မြို့နယ် မန်ပုံရွာအနီးသို့ လာရောက်ပို့ဆောင် ချထားခဲ့ကြောင်း မိုင်းရယ်ဒေသခံများက ပြောဆိုသည်။

မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာအနီးတွင် ယခုကဲ့သို့ မူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူ အများအပြားကို လားရှိုးစစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ (၃) ကြိမ်တိုင်တိုင် ရုတ်တရက် လာရောက်ပို့ဆောင်သွားခြင်းကြောင့် ပြည်သူများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...