သျှမ်းပြည် ပင်လောင်းမြို့နယ် ဒေသခံပြည်သူတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တို့က သေနတ်ပြမောင်းထုတ်တဲ့အတွက် ဒေသခံထွက်ပြေးနေရဟု ဓာတ်ပုံအမှားဖြန့်နေချိနေပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရီနယ်ချယ်တစ်ခုဖြစ်တဲ့ Naung Taw Lay အကောင့်က “KNPP/KNDF အကြမ်းဖက်အဖွဲ့များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်အတွင်းမှ ဒေသခံပြည်သူတွေကို သေနတ်ပြ မောင်းထုတ်သည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကာ ဒုက္ခရောက်နေရကြောင်း” ဟုဆိုကာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပုံနဲ့အတူ ဖြန့်ချိထားပါတယ်။
အဆိုပါ ဝါဒဖြန့်ပိုစ့်ကို ကြည့်ရှု့သူပေါင်း ၁ ထောင်ကျော်ရှိပါတယ်။
မူရင်းလင့်ခ် – https://archive.ph/tMHYS
သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
ဇွန်လ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့က ပင်လောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး၊ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေက ထွက်ပြေးနေရတယ်လို့ ဒေသအတွင်းမီဒီယာတွေဖြစ်တဲ့ ခမ်းသားငေါဝ်းသတင်းဌာနက ဖော်ပြထားပါတယ်။
မူရင်းလင့်ခ် – https://shorturl.at/BIhie
ဒါကြောင့် KNPP/ KNDF တို့က သေနတ်ပြမောင်းထုတ်တဲ့အတွက် ဒေသခံတွေထွက်ပြေးနေရတယ်လို့ ပြောဆိုမှုအပေါ် စွပ်စွဲမှုသာ ဖြစ်ပါတယ်။
အလားတူ စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်က ဖြန့်ချိထားတဲ့ စစ်ရှောင်ပုံကို Reverse image Tools နဲ့စစ်ဆေးလိုက်တဲ့အခါမှာ ဇွန်လ ၂၁ ရက်က Kayan Rescue Committee – KRC ထုတ်ပြန်ထားတဲ့ ဓာတ်ပုံဖြစ်နေကြောင်း တွေ့ရှိရပါတယ်။
အဆိုပါဓာတ်ပုံကို စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်က ပြန်လည်ကူးယူပြီး ၎င်းတို့လိုအပ်သလို ဖန်တီးရေးသားနေခြင်း ဖြစ်ပါတယ်။
Kayan Rescue Committee – KRC ကထုတ်ပြန်ထားတဲ့ပုံ – https://shorturl.at/MdtDP
ဒါ့အပြင် KNDF တပ်ဖွဲ့က ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ပအိုဝ်းဒေသခံ ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်တဲ့လုပ်ရပ် ကျူးလွန်ခဲ့ဖူးတယ်လို့ စွပ်စွဲပြောဆိုမှုပေါ် အချက်အလက်မှားယွင်းနေတာကိုလည်း စီစစ်တွေ့ရှိခဲ့ပါတယ်။
ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ပအိုဝ်းဒေသခံ ပြည်သူတွေ အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှု ဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့တာပါ။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ဘုန်ကြီးသုံးပါးအပါဝင် ကျေးရွားသား စုစုပေါင်း ၂၈ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။
မူရင့်လင့်ခ် – https://burmese.shannews.org/archives/33494
သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။












Leave a Comments