KNPP/KNDF ကသေနတ်ပြမောင်းထုတ်လို့ ဒေသခံထွက်ပြေးနေရဟု ဓာတ်ပုံအမှားဖြန့်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် ဒေသခံပြည်သူတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တို့က သေနတ်ပြမောင်းထုတ်တဲ့အတွက် ဒေသခံထွက်ပြေးနေရဟု ဓာတ်ပုံအမှားဖြန့်နေချိနေပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရီနယ်ချယ်တစ်ခုဖြစ်တဲ့ Naung Taw Lay အကောင့်က “KNPP/KNDF အကြမ်းဖက်အဖွဲ့များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်အတွင်းမှ ဒေသခံပြည်သူတွေကို သေနတ်ပြ မောင်းထုတ်သည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကာ ဒုက္ခရောက်နေရကြောင်း” ဟုဆိုကာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပုံနဲ့အတူ ဖြန့်ချိထားပါတယ်။

အဆိုပါ ဝါဒဖြန့်ပိုစ့်ကို ကြည့်ရှု့သူပေါင်း ၁ ထောင်ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/tMHYS

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့က ပင်လောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး၊ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေက ထွက်ပြေးနေရတယ်လို့ ဒေသအတွင်းမီဒီယာတွေဖြစ်တဲ့ ခမ်းသားငေါဝ်းသတင်းဌာနက ဖော်ပြထားပါတယ်။

မူရင်းလင့်ခ် – https://shorturl.at/BIhie

ဒါကြောင့် KNPP/ KNDF တို့က သေနတ်ပြမောင်းထုတ်တဲ့အတွက် ဒေသခံတွေထွက်ပြေးနေရတယ်လို့ ပြောဆိုမှုအပေါ် စွပ်စွဲမှုသာ ဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်က ဖြန့်ချိထားတဲ့ စစ်ရှောင်ပုံကို Reverse image Tools နဲ့စစ်ဆေးလိုက်တဲ့အခါမှာ ဇွန်လ ၂၁ ရက်က Kayan Rescue Committee – KRC ထုတ်ပြန်ထားတဲ့ ဓာတ်ပုံဖြစ်နေကြောင်း တွေ့ရှိရပါတယ်။

အဆိုပါဓာတ်ပုံကို စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်က ပြန်လည်ကူးယူပြီး ၎င်းတို့လိုအပ်သလို ဖန်တီးရေးသားနေခြင်း ဖြစ်ပါတယ်။

Kayan Rescue Committee – KRC ကထုတ်ပြန်ထားတဲ့ပုံ – https://shorturl.at/MdtDP

ဒါ့အပြင် KNDF တပ်ဖွဲ့က ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ပအိုဝ်းဒေသခံ ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်တဲ့လုပ်ရပ် ကျူးလွန်ခဲ့ဖူးတယ်လို့ စွပ်စွဲပြောဆိုမှုပေါ် အချက်အလက်မှားယွင်းနေတာကိုလည်း စီစစ်တွေ့ရှိခဲ့ပါတယ်။

ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ပအိုဝ်းဒေသခံ ပြည်သူတွေ အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှု ဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့တာပါ။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ဘုန်ကြီးသုံးပါးအပါဝင် ကျေးရွားသား စုစုပေါင်း ၂၈ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

မူရင့်လင့်ခ် – https://burmese.shannews.org/archives/33494

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...