ပင်လောင်း နမ့်နိန်းဒေသခံများ နေအိမ်ထပ်မံ မီးရှို့ခံရမည်ကို စိုးရိမ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည် နေအိမ် ထပ်မံ မီးရှို့ခံရမည်ကို စိုးရိမ်နေရကြောင်း သတင်း သိရှိရသည်။

နမ့်နိန်းကျေးရွာကို စကစ မှ မီးရှို့ထားသည့် မြင်ကွင်း

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၄ ရက်) မှစပြီး စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများမှာ စုစုပေါင်း (၆,၀၀၀) ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ လဝက်ကျော် ကြာပြီး နေအိမ်များ ထပ်မံ မီးရှို့ခံရလျှင် နေစရာအိမ်များ မရှိမည်ကို စိုးရိမ်နေရကြောင်း လုံးပင်စစ်ရှောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်နိန်းကျေးရွာကို စကစ မှ မီးရှို့ထားသည့် မြင်ကွင်း

“နေအိမ်တွေ မီးရှို့ခံရမှာ၊ ပျက်စီးမှာတော့ စိုးရိမ်တာပေါ့။ ပြန်သွားရင် ပြန်နေစရာ အိမ်တွေ မရှိမှာလည်း ကြောက်တယ်။ အခုအခြေအနေနဲ့ ပြန်ဆောက်ဖို့လည်း မလွယ်ဘူး။ အစားအသောက်နဲ့ ပတ်သက်လို့ ဘယ်သူက စားစား၊ စားလို့ရတယ်။ နေအိမ်တွေ မပျက်စီးသွားဖို့ အတွက်ဘဲ ဆုတောင်းရတော့မယ် “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ် သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သောကြောင့် နမ့်နိန်းဘုန်းကြီးကျောင်း အပါအဝင် ပြည်သူနေအိမ် အများအပြား မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။

ထို့အပြင် နမ့်နိန်းဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် သံဃာတော် (၃) ပါး အပါအဝင် ပြည်သူ ၂၈ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ကျောင်းအပြင်သို့ ခေါ်ထုတ်ခဲ့ပြီး ကျောင်း၏ နံရံဘေးမှာတင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း KRU တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်နိန်းဘုန်းကြီးကျောင်း လက်နက်ကျည်ထိမှန်ထားပုံ

“ ဖြစ်စဉ်က မတ်လ ၁၁ ရက် ည ၈ နာရီကျော်ကျော်လောက်မှာ ဖြစ်တယ်။ သူတို့က ဘုန်းကြီးကျောင်းထဲမှာရှိတယ်။ ကျနော်တို့က ကုန်းပေါ်မှာနေတယ်၊ ဘုန်းကြီးကျောင်းနဲ့ နီးတယ်။ အသံလည်း ကြားနေရတယ်ဗျ။ ၈ နာရီလောက်မှ အော်သံတွေ စကြားရတယ်။ လာကယ်ပေးကြပါ . .လာကယ်ပေးကြပါဆိုပြီး အော်တယ်။ တောင်းပန်တယ် ကျနော်တို့ကို မသတ်ကြပါနဲ့ဆိုပြီး ကြားနေရတာပေါ့။ ညမိုးချုပ်ချိန်ဆိုတော့ တိုးတိုးပြောရင်တောင် အသံက ကြားနေတယ်။ အဲ့နဲ့ အော်သံတွေ နာရီဝက်အကြာမှာ တိတ်သွားပြီး သေနတ်သံတွေ ထွက်လာတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အနေဖြင့် ဝင်ရောက် ကူညီချင်သော်လည်း စစ်ကောင်စီတပ်ဖွဲ့မှ အင်အား အများအပြားရှိနေသဖြင့် မကယ်ထုတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

နမ့်နိန်းကျေးရွာ

ထို့သို့ သံဃာတော် (၃) ပါး အပါအဝင် ပြည်သူ (၂၈) ဦးကို သတ်ဖြတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လုပ်ဆောင်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်နေခြင်းမှာ မှားယွင်းနေကြောင်း မြေပြင်အလက်အချက် သက်သေခံ အထောက်ထားရထားကြောင်း ၎င်း တာဝန်ခံ တစ်ဦးက ထပ်လောင်းပြောသည်။

“ ဒီတိုက်ပွဲမှာ PNA/PNO တွေပါတော့ စစ်ကောင်စီက လူမျိုးအချင်းချင်း သွေးခွဲလုပ်ဆောင်နေတာပါ။ သူတို့ Telegram မှာတင်ထားတဲ့ ရုပ်အလောင်း နဲ့ သေနတ်ပုံတွေက ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် မှာ အဲ့သေနတ်တွေက တကယ်မရှိဘူး။ ပြီးတော့ ဒီသတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းမှာလည်း ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်ထားတာတွေ့ရတယ်။
မသေမချင်းကို ပစ်ထားတာ။ ဒီတိုက်ပွဲမှာ ပအိုဝ်း PDF ပါတယ်။ ကိုယ့်လူမျိုး အချင်းချင်းကို ဘယ်တော့မှ ပြန်မသတ်ဘူး “ ဟု ၎င်းတာဝန်ခံက ပြောသည်။

သတ်ဖြတ်ခံရသည့် သံဃာတော် (၃) ပါးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ကူညီဖူးသဖြင့် အခုလို သတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း ပင်လောင်းဒေသခံ အသက် ၃၀ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံများ၏ အိမ်ထောင်စု စာရင်း

“ အရင်က PDF တွေကို ဆန်လာဝယ်တာ။ ရွာက ဆန်ရောင်းတဲ့သူက ဆိုင်မှာဆန်အိတ်တွေ မထားရဲလို့ ဘုန်းကြီးကျောင်းမှာ လာထားတယ်။ ဘုန်းကြီးကျောင်းမှာထားပြီး PDF တွေဆန်လာဝယ်တဲ့အခါ တစ်အိတ်ကို ၇ သောင်းနဲ့ အိတ်ပေါင်း ၃၀ အိတ် ရောင်းပေးတယ်။ ဒါကို စစ်ကောင်စီတွေက သိတော့ ဒီက သံဃာတော်က PDF ကို ကူညီတယ်ဆိုပြီး စစ်ကောင်စီက သတ်သွားတာ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်) မှစပြီး ဖြစ်ပွားခဲ့ကာ ပင်လောင်းမြို့နယ် ရွာပေါင်း ၆ ရွာနှင့် ပြည်သူ (၆,၀၀၀) ဝန်းကျင်က ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်ကြောင်း လက်ရှိအချိန်ထိ တိုက်ပွဲဟာ စစ်ရေးတင်းမာမှု နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားသည့် အခြေအနေများ ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...