ဖမ်းဆီး ငွေညှစ်မှုများကြောင့် လက်ကား ဆန်‌ဈေးကွက်ပျက်

စစ်ကောင်စီ၏ ရမ်းကားဖမ်းဆီး ငွေညှစ်မှုများကြောင့် ရန်ကုန် လက်ကား ဆန်ဈေကွက် ပျက်နေပြီး အရောင်းအဝယ် ရပ်တန့်နေသည်ဟု ဆန်ဈေးကွက်နှင့် နီးစပ်သူများက ယနေ့ (ဇွန်လ ၂၄ ရက်) တွင် ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က စပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌနှင့် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ အပါအဝင် နိုင်ငံတဝှမ်း ဆန်ကုန်သည်၊ ဆန်စက်၊ ဆန်ပွဲရုံ ပိုင်ရှင်အများစုကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်သည်။

ယင်းနောက် ဆန်စက်၊ ပွဲရုံနှင့် နေအိမ် ချပ်ပိတ်မှုများ ဆက်တိုက် ပြုလုပ်နေသည့် အပြင် ငွေညှစ်မှုများလည်း ပြုလုပ်နေသည့် အတွက် ကုန်သည် အများစု တိမ်းရှောင်နေရပြီး ယနေ့ ဆန်လက်ကား ဈေးကွက် ပျက်ကာ အရောင်းအဝယ် ရပ်တန့်နေသည်ဟု ဆန်ကုန်သည်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ၁၃၅,၀၀၀ မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း တအိတ်လျှင် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ ကျပ် ၊ ဧည့်မထ တအိတ်လျှင် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကျပ် ဈေးဖြင့် ရောင်းချရန် သတ်မှတ်ထားသော်လည်း ပြင်ပဈေးနှုန်းနှင့် များစွာ ကွာဟနေသည်ဟု ၎င်းကဆိုသည်။

“သူတို့ သတ်မှတ်တဲ့ဈေနဲ့ ဒိုင်တွေမှာလည်း ဝယ်လို့မရဘူး။ အဲဈေးတွေနဲ့က အရောတွေပဲ ရမှာပေါ့။ ရေရှည်မှာ မှောင်ခိုဈေးကွက် ပေါ်လာမလားပဲ။ ပြည်မကဆန်ကို အားထားနေရတဲ့ တောင်ပေါ်ဒေသတွေကို ဆန်တင်ရင်လည်း ပိုကျပ်လာနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

နွေစပါး ပေါ်ပြီးနောက် ယခုကဲ့သို့ ဆန်ဈေးနှုန်း တက်လာရခြင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကြိတ်ခွဲမှု၊ လုပ်သားခ စသည်ဖြင့် အထွေထွေ ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ဖြစ်ကြောင်း ဧရာဝတီတိုင်းရှိ ဆန်စက်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“အကုန်ဈေးတက်တော့ ဆန်လည်း လိုက်တက်တာ မဆန်းဘူးလေ။ ဒါပေမယ့် ပြည်တွင်း ဆန်ဈေးတက်တော့ အိပ်စပို့သမားက မကိုက်တော့ မပို့ဘူး။ မပို့တော့ ဒေါ်လာမရဘူး။ ဆန်ပါမစ်တွေက ဖောင်းပွနေတာ။ ဒေါ်လာဈေး ထပ်တက်ရင်တော့ အိပ်စပို့က ပြန်သွားမှာပဲ။ အဲအချိန်မှ အဖမ်းအဆီးရပ်မယ်။ ပြည်သူတွေ အတွက် ဆန်ဈေး သတ်မှတ်ပေးတာ မဟုတ်ဘူး။ အိပ်စပို့ အတွက်” ဟု ၄င်းက သုံးသပ်သည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရန်ကုန်မြို့ရှိ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်တို့တွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် ပြသနိုင်သူများအား မိသားစု တစု တလစာ ပေါ်ဆန်းတအိတ်နှင့် ဧည့်မထဆန်တအိတ် ရောင်းချပေးနေကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ၁၃၅,၀၀၀ မှ ၁၄၅,၀၀၀ ကျပ်ကြား၊ ဧရာဝတီ ပေါ်ဆန်း တအိတ်လျှင် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ ကျပ်ကြား ၊ ဧည့်မထတအိတ်လျှင် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကျပ်ကြား ဈေးနှုန်း သတ်မှတ်ထားကြောင်း ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ပေါ်ဆန်း တပြည် ၅,၀၀၀ ကျပ်၊ ဧည့်မထ တပြည် ၃,၀၀၀ ကျပ်နှင့် ပေါ်ဆန်း ၅ ပြည် တအိတ်လျှင် ၂၅,၀၀၀ ကျပ် သတ်မှတ် ရောင်းချပေးမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိ ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းတအိတ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ ကျပ် ကျော်ရှိပြီး ဧည့်မထဆန် တအိတ် ၉၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျော်အထိ ဖြစ်နေရာ သတ်မှတ်ဈေးနှင့် များစွာ ကွာဟနေသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုများသည် ဆန်ပြည်ပတင်ပို့မှုနှင့် ဆက်စပ်နေသဖြင့် ဒေါ်လာဈေး ထပ်မံ မြင့်တက်လာမှသာ ဈေးကွက် ပုံမှန်ပြန်ဖြစ်မည်ဟု သုံးသပ်မှုများ ရှိနေသကဲ့သို့ ဆန်ချော မှောင်ခိုဈေးကွက် ပေါ်ပေါက်လာမည်ဟုလည်း ဆန်ကုန်သည် အသိုင်းအဝိုင်းက သုံးသပ်မှုများ ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...