စစ်ကောင်စီ
သျှမ်းမြောက်တွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီက (၆) ကြိမ်မြောက် သက်တမ်းထပ်တိုး
သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ညီနောင်မဟာမိတ်တပ်များထံ လက်လွတ်လိုက်ရစဉ် အာဏာသိမ်း စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ် (၆) လ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးကို အကြောင်းပြပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးကို ရယူပြီးနောက်...
သီပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက်သေဆုံးမှုများ
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA) တို့ ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး ယနေ့ (ဇူလိုင်လ ၃၁ ရက်) အထိ ၃ ရက်အတွင်း သီပေါမြို့နယ်...
ကျောက်မဲ စစ်ကောင်စီတပ်ကို လက်နက်ချဖို့ TNLA ဖိအားပေးတိုက်ခိုက်နေ
သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ လက်နက်ချရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖိအားပေး တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-(၁)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၁)၊ (၅၀၂) တို့ကို...
SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိနေအိမ် ဖျက်ဆီးခံရ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်)တွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၆) မြဝတီလမ်းရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး...
လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို MNDAA ကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ
သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) နံနက် ၃ နာရီခန့်မှ စတင်ပြီး တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့...
ဗုံး၊ကျည်သံကြား ရက်သားကလေးနဲ့ မိခင် လမ်းခရီးကြမ်း
“တဒုန်းဒုန်း တဒိုင်းဒိုင်း” ပစ်ခတ်သံတွေကို ဂရုမစိုက်နိုင်လောက်အောင် ကြောက်စိတ်တွေ၊ စိုးရိမ်မှုတွေက အသက်ကိုပါ မမှုဘဲ မလှိုင်လှိုင်မျိုး တစ်ယောက် ကလေးကို ရအောင် မွေးဖွားနေပါတယ်။ နောက်ဆုံးတော့ ကျယ်လောင်နေတဲ့ လက်နက်ကြီးသံနဲ့အတူ ကလေးကို ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ မလှိုင်လှိုင်မျိုးဟာ အသက် ၃၅နှစ်အရွယ်ရှိပြီး၊ ဇူလိုင်လ ၁၅ ရက် ည...
မိုးဗြဲရေကာတာကို စစ်ကောင်စီ ရေဖွင့်ချလို့ ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်
သျှမ်းပြည် မိုးဗြဲမြို့နယ်ရှိ မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်မှ ဖွင့်ချလိုက်ခြင်းကြောင့် ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်ပြီး ဒေသခံတစ်ထောင်ကျော် ရေဘေးသင့် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ မိုးဗြဲမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ -...
စစ်ရှောင်တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ လွန်စွာခက်ခဲလာ
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ချွတ်ခြုံလာမှုကြောင့် သျှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ ခက်ခဲသည့် အခြေအနေရောက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ကထုတ်ပြန်သည့် သုတေသနစာတမ်းတွင်ဖော်ပြထားသည်။ စစ်ဘေးရှောင်အခြေအနေများသည် အာဏာသိမ်းပြီးကာလနှင့် ယခုကာလနှိုင်းယှဉ်ပါက အခြေအနေများ မတူညီတော့ဘဲ တိုက်ပွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးရှောင် ဦးရေ တစ်သိန်းနီးပါးအထိ...
သီပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အပြိုင် စစ်အင်အားများ ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး သီပေါမြို့နယ် နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA...
လားရှိုး မန်ဆူဘုန်းကြီးကျောင်း ဗုံးကြဲခံရ စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး
သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သီရိမင်္ဂလာ မန်ဆူသျှမ်းကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် (၅) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ သီရီမင်္ဂလာ မန်ဆူဘုန်းကြီးကျောင်း အနီးသို့...





