PNLA ဌာနချုပ်အနီး စစ်ကောင်စီတပ်မှ ၃ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက် ဆီဆိုင်မြို့ခံများ ထပ်မံစစ်ရှောင်နေရ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ် သို့ စစ်ကောင်စီတပ်မှ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူများ အသက်အန္တရာယ်စိုးရိမ်နေရပြီး ထပ်မံ စစ်ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲများမရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်သော်လည်း ယခုအခါတွင် စစ်ကောင်စီနှင့် ပူးပေါင်း ပြည်သူ့စစ်တပ် များသည် ဆီဆိုင်နှင့် မောက်မယ်နယ်စပ်ရှိ PNLA ဌာနချုပ်ရှိ ကဒူးကြီးသို့ ဩဂုတ်လ ၃ရက်တွင် သွားရောက်တိုက်ခိုက်သည့်အတွက် ပြည်သူများမှ တိုက်ပွဲများထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်းသိရသည်။

“မြို့ထဲမှာလည်း ဘယ်နေသာမလဲ၊ သွားလာရင် တစ်နာရီလောက်ပဲကြာတဲ့ခရီးဆိုတော့ အရင်လိုတိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်ရတာပေါ့၊ နောင်ထောင်ကလူတွေဆို မောက်မယ်ဖက်ကိုတက်သွားတဲ့လူရှိတယ်၊ အခု ဆီဆိုင်မြို့ထဲမှာလည်း လူတွေ က ပစ္စည်းတွေအသင့်လုပ်ထားရတာပေါ့ ဈေးလည်းမသွားရ၊ ခြံလည်းမသွားရ အိမ်မှာနေလည်း စိတ်မသက်သာဘူး၊ ထွက်သွားတဲ့လူတွေက ထွက်ပြီ” ဟု ဆီဆိုင်မြို့ခံ အသက်၄၀ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့အဝင်အထွက် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ ခမရ ၄၂၄၊ ၄၂၃ တပ်မှ ပိတ်ဆို့ ထားပြီး ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့လည်း ပြတ်တောက်ထားသည်။

စစ်ထပ်မံရှောင်ရသည့် ကလေးမိခင်တစ်ဦးက “ကျမတို့ကို အိမ်ပြန်နေဖို့လည်း သူတို့ပဲပြောတယ်၊ ကလေးတစ်ဖက် နဲ့ သွားရလာရ မလွယ်ဘူး၊ အခုလည်း မိုးတောက်လျှောက်ရွာနေတာ၊ ပြေးမယ်ဆိုလည်း ကားလမ်းတွေကပိတ် ထားတယ်၊ ၂နှစ်အရွယ်ကလေးကို လူကြုံထည့်လို့လည်းမရ ကိုယ်သွားရင်လည်း အရင်လိုအိမ်ပေါ်တက်ပြီး ထပ်မွှေ ထပ်ခိုးခံရမှာကြောက်တာ၊ ပြန်ပြင်ထားတာမှ မကြာသေးဘူး ၊ဘာလုပ်ရမှန်း မသိတော့ဘူး” ဟု ပြောသည်။

ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃၊ ၄၂၄ တပ်ရင်းများမှ ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လများတွင်လည်း ဆီဆိုင်မြို့ အနီး တစ်ဝိုက်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အချိန်မတော် နေ့စဉ်နီးပါးပစ်ခတ်လျက်ရှိပြီး ထိခိုက်ပျက်စီးမှု များ လည်းရှိနေကြောင်းသိရသည်။

ဆီဆိုင်မြို့ပေါ်သို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သည့်အတွက် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဧပြီလတွင် ဆော်ဩခိုင်းခဲ့ကြောင်း ယခု ဗုံးကြဲမှုနှင့် ပတ်သက်သည်ကိုလည်း ပြည်သူများကို တစ်စုံတစ်ရာ ပြောဆိုကြေညာပေးခြင်းမရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...