သျှမ်းပြည်၊ လားရှိုးမြို့ တိုက်ပွဲ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ ကို ယနေ့ (ဩဂုတ်လ ၃ ရက်) နံနက်ပိုင်း ကိုးကန့်တပ် ဝင်ရောက် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ရက်များစွာ အပြင်းအထန် ခုခံနေသည့် လားရှိုး ရမခ စစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ် ယနေ့ နံနက်ပိုင်းလက်နက်ချ သဖြင့် ကိုးကန့်တပ်က ဝင်ရောက် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းကဆိုဖြစ်သည်။

“ရမခ ကို သိမ်းတာတော့ အတည်ပြုနိုင်ပါတယ်။ လက်နက်ချတယ်လို့ ကြားရပေမယ့် အတည်တော့ မပြုနိုင်သးဘူး။ မြေပြင်အခြေအနေ အတိအကျ မသိရသေးဘူး” ဟု ၎င်းကရှင်းပြသည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် ထပ်မံ စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။
ယမန်နေ့က ရမခ အနီးရှိ လားရှိုး စစ်ဆေးရုံကို ကိုးကန့်တပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှင့် မိသားစု ၂၀၀ ကျော် အလံဖြူထောင် လက်နက်ချပြီးနောက် ယနေ့ ရမခ စစ်ဌာနချုပ် သိမ်းပိုက်ခံရခြင်း ဖြစ်သည်












Leave a Comments