လားရှိုး စစ်ရှုံးမှု ဆက်သွယ်ရေးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ရဲမြင့်နိုင် စစ်ခုံရုံးတင်ခံရ

သျှမ်းမြောက်၊ လားရှိုး တိုက်ပွဲ ရှုံးနိမ့်ရာတွင် စစ်သတင်းများ ပေါက်ကြားသည်ဟု ဆိုကာ ဆက်သွယ်ရေးတပ် ညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ရဲမြင့်နိုင် ကို နေပြည်တော်၌ စစ်ခုံရုံးတင် စစ်ဆေးနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၅ ရက်) တွင် ပြောသည်။

တလကျော် ကြာမြင့်ခဲ့သည့် လားရှိုး တိုက်ပွဲ အတွင်း ဆက်သွယ်ရေးကွန်ရက် ကျိုးပေါက်မှု (စစ်သတင်းပေါက်ကြားမှု)၊ လားရှိုး ရမခ စစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ် ပြတ်တောက်စေမှု တို့ဖြင့် ယမန်နေ့က ဖမ်းဆီးခံရပြီးနောက် စစ်ခုံရုံးတင် စစ်ဆေးခံနေရခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်ရဲမြင့်နိုင် က OTS-79 ဆင်းပါ။ အဓိက က စစ်သတင်းတွေ ပေါက်ကြားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ခုံရုံးတင်ခံရတာပါ။ လက်ရှိ နေပြည်တော်ထောင်မှာ ချုပ်ထားပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်ချုပ်ရဲမြင့်နိုင် သည် ပြင်ဦးလွင် တပ်မတော် အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေရာက ပြီးခဲ့သည့် မေလ ကုန်ပိုင်းတွင် ဆက်သွယ်ရေးတပ် ညွှန်ကြားရေးမှူး အဖြစ် ပြောင်းရွှေ့ခံရပြီး ၂ လ အကြာတွင် ယခုကဲ့သို့ စစ်ခုံရုံးတင် ခံရခြင်း ဖြစ်သည်။

ယနေ့ (သြဂုတ် ၅)ရက် မနက်ပိုင်းတွင် လားရှိုး ရမခ ကျဆုံးပြီး ထိပ်တန်း စစ်ဘက်အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း စစ်တပ် ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားသည်။

လားရှိုး ရမခ စစ်ဌာနချုပ် ကျဆုံးမှုနှင့် ပတ်သက်၍ မည်သူ တာဝန်ရှိသနည်းဟု စစ်တပ် ထောက်ခံသူများကြား မေးခွန်းထုတ်နေစဥ် ယခုကဲ့သို့ စစ်ဘက် ဌာနဆိုင်ရာ အကြီးအကဲ တစ်ဦး စစ်ခုံရုံးတင်ခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက် လားရှိုး ရမခ အလုံးစုံ သိမ်းပိုက်မှုအတွင်း စစ်သည်နှင့် မိသားစု ၄၇၀၀ ကျော် အလံဖြူထောင် လက်နက်ချခဲ့ပြီး ထိပ်တန်း စစ်အရာရှိ ၃ ဦီးကို ကိုးကန့်တပ်က ဖမ်းမိထားကြောင်း သိရသည်။

ကိုးကန့်တပ် သိမ်းပိုက်ပြီးနောက် ယမန်နေ့ (သြဂုတ် ၄) ရက်နှင့် ယနေ့ (သြဂုတ် ၅)ရက်တွင် လားရှိုးမြို့တွင်း ပစ်ခတ်သံများ မကြားရတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...