တောင်ကြီးတွင် ဘောလုံးပွဲကြည့်နေစဉ် လူငယ်အချို့ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့သော ‌ရှမ်းနှင့် ရန်ကုန်အသင်းတို့၏ ဘောလုံးပွဲသို့ သွားရောက်ကြည့်ရှုသော ပရိတ်သတ်များထဲမှ လူငယ် အချို့ဖမ်းဆီးခံရကြောင်း သိရှိရသည်။

ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညနေ ၅ နာရီခန့်အချိန်တွင် ဘောလုံးပွဲလာကြည့်နေသောလူငယ်အချို့ကို လုံခြုံရေးယူထားသည့် ရဲများက လာရောက်ခေါ်ဆောင်သွားကြောင်း ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆဲလို့ ဖမ်းတာလား ဘီယာသောက်လို့ဖမ်းတာလားပေါ့၊ ဆဲရင်လည်း တကွင်းလုံးဆဲနေတာပဲ ဘောလုံးပွဲဆိုတော့ ထုံးစံပဲလေ အားပေးကြရင်း အော်ကြဟစ်ကြတာ ပုံမှန်ပါပဲ၊ဘီယာတွေဘာတွေလည်း အဝင်မှာ သူတို့စစ်တယ်။ ခုက မျက်စိရှေ့တင် ဘာမှမပြောဘဲ လာဆွဲခေါ်သွားတယ်။ ၁၀ယောက်နီးပါးရှိတယ်” ဟု ၎င်းကပြောသည်။

တောင်ကြီးမြို့၏ ပြည်နယ် အားကစားကွင်းတွင် ပြုလုပ်သော ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့၏ ဘောလုံးပွဲသို့ သွားရောက်ကြည့်ရှုသူများပြားပြီး ကွင်းအပြည့်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

“ကောင်လေး တစ်ယောက်ကို တစ်ပွင့်နဲ့ရဲက သေနတ်နဲ့ချိန်ပြီးတော့လာခေါ်သွားတာ၊ ကောင်လေးကလည်း ရုန်းပေမယ့် ပါသွားတာပဲ၊ လူတွေကလည်း ကြည့်ပဲကြည့်နေနိုင်တယ် သူတို့က လက်နက်တွေနဲ့ဆိုတော့ ဘယ်သူကမှ ဘာမှမလုပ်ရဲကြဘူး” ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့်အကြောင်းအရင်းနှင့် ပတ်သတ်၍ သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုများနှင့် တပ်သားစုဆောင်းမှုများကြောင့် မြန်မာနိုင်ငံတွင်းမှ လူငယ်များသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများရှိသလို၊ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်သွားကြသူများလည်းရှိနေသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...