ကျောက်မဲမြို့တွင် တပ်စခန်းများမကျဆုံးရေး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်စခန်းများအဖြစ် ကျန်ရှိနေသော အမှတ် (၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) တို့ မကျဆုံးရေးအတွက် စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က သြဂုတ် ၃ ရက်ကစတင်ဝင်တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

လက်ကျန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စခန်းကုန်းအနီးတဝှိက်နှင့် ပတ္တမြားစေတီအနီး၊ ဂေါက်ကွင်းအနီးနှင့် ခမရ -၅၀၁ စခန်းနီးသို့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၁၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ထောက်ပို့လေယာဉ် Y 12 ဖြင့် လက်နက်ခဲယမ်း ၂၂ ထုတ် လာရောက်ကြဲချခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

“အခုကကျောက်မဲမှာကရေရှည်နေလို့ မရတော့ဘူး။ တိုက်ပွဲကတော်တော်လေးကို ပြင်းနေတာ။ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်နေကြတာ။ မြို့ထဲကိုဝင်လို့မရ၊ သွားလို့လည်းမရဘူး။ သွားချင်ရင်တစ်ပါး လူမှုကယ်ဆယ်ရေးကားနဲ့ မနက် ၆ နဲ့ ၉ နာရီအထိတော့ သွားလို့ရလောက်တယ်။ အခုက လုံးဝကိုသွားလာလို့မရတော့ဘူး” ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ်များလည်း ထိခိုက်ပျက်စီးဆုံးမှုရှိနေသကဲ့သို့ လူထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အပါအဝင် တပ်စခန်းများစွာကို လက်လွတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်သည် မြေပြင်မှာ စစ်ကြောင်းထိုးပြီး တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ကြောင့် လေကြောင်းကိုသာအားကိုးပြီး တိုက်ခိုက်နေရခြင်း ဖြစ်သည်။

လက်ရှိ ကျောက်မဲမြို့ပေါ် မြို့သိမ်းတိုက်ပွဲကြောင့် နှစ်ဖက်တိုက်ပွဲကြား သေဆုံးသွားသည့် အရပ်သားများရှိနေပြီး၊ မြို့တွင်းတွင် ရုပ်အလောင်းများ မကောက်နိုင်အောင် ရှိနေသည်ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“အခုကျောက်မဲမြို့ပေါ် ရပ်ကွက် လမ်းကျိုလမ်းကြားမှာ မကောက်နိုင်တဲ့ လူသေအလောင်းတွေ ရှိတယ်။ တချို့ ပရဟိတအသင်းတွေ သွားကောက်လို့တောင် မရသေးဘူး။ လူသေအလောင်းတွေက ပုတ်သိုးနေပြီ၊ နံ့ဆော်နေတာပဲ “ ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်စပြီး ဇူလိုင် ၃၁ ရက်အထိ သျှမ်းပြည် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရပ်သား စုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...