သျှမ်းပြည်၊ လားရှိုးမြို့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သားနှင့် မိသားစု အင်အား ၂၀၀ ကျော် စတင် လက်နက်ချပြီဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၂ ) ရက်တွင် ပြောသည်။
ယနေ့ မနက်ပိုင်းက လားရှိုးမြို့ရှိ ခုတင် ၁၀၀ စစ်ဆေးရုံကို ကိုးကန့်တပ် ဝင်ရောက် တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ လက်နက်ချခြင်း ဖြစ်သည်။
“စစ်သည်နဲ့ မိသားစု အပါ အင်အား ၂၀၀ ကျော် ဒီနေ့ လက်နက်ချတာကို အတည်ပြုနိုင်ပါတယ်။ ဘယ်တပ်လဲ မနက်က တိုက်ပွဲဖြစ်သွားတဲ့ စစ်ဆေးရုံကတပ်လား ဆိုတာကတော့ သေချာမသိရသေးပါဘူး။ ရမခ စစ်ဌာနချုပ်ကတော့ မဟုတ်ပါဘူး” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ လက်နက်ချသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် ထပ်မံ စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။
လားရှိုးမြို့ အခြေစိုက် ရမခ စစ်ဌာနချုပ် ဝိုင်းရံ တိုက်ခိုက်ခံနေရစဥ် စစ်ကောင်စီက လောက်ကိုင်ဆေးရုံကို ယနေ့ မနက်အစောပိုင်း ဗုံးကြဲ တိုက်ခိုက်ရာ ပြည်သူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့သည်။
ထို့အတူ ယနေ့ မနက် ၅ နာရီကျော်တွင် ကိုးကန့်တပ်က လားရှိုးမြို့ စစ်ဆေးရုံကို ဝင်ရောက် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။












Leave a Comments