လားရှိုးမြို့ ပရဟိတ ၂ ဦးကို စစ်ကောင်စီ ဖမ်ဆီးညှဉ်းပန်းနှိပ်စက်၊ တစ်ဦးသေဆုံး

သျှမ်းပြည် လားရှိုးမြို့ ပရဟိတအသင်းအဖွဲ့ဝင် အမျိုးသား နှစ် ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်းတို့ပါးစပ်ကိုဓားဖြင့်လှီး၊ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်နှိက်နှိပ်စက်ခဲ့သဖြင့် တစ်ဦးသေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်တွင် အသက် ၂၄ နှစ်အရွယ်ရှိ ကိုဇော်မျိုးအောင်နှင့် အိုက်လာတို့သည် စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအတွက် နေ့စဉ်လိုအပ်သည့် ဆန်၊ ဆီ၊ ဆား ဖြန့်ဝေရန်ထွက်လာစဉ် လားရှိုးမိုးလုံလေလုံလမ်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များဖြစ်သည်ဟု သံသယရှိကာ စစ်ဆေးမေးမြန်းစဉ်တွင် ပါးစပ်ကိုဓားဖြင့်လှီးဖြတ်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့် ရိုက်နှိက်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ကိုဇော်မျိုးအောင်၏ သူငယ်ချင်း “အိုက်လာ” မှာ စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကိုဇော်မျိုးအောင်က အကျဉ်းချခံရကြောင်း ၎င်းနှင့်နီးစပ်သူ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစချင်းသူတို့ဖမ်းခံရတုန်းကတော့ မသိရဘူး။ သိရတာက ၂၇ ရက်တည်းက ပျောက်သွားတာ။ နေ့တိုင်းတော့ ဆက်တိုက်စုံစမ်းနေတာ။ ဒီနေ့မှသိရတာ၊ ဝမ်းနည်းရတာပေါ့။ မကောင်းတာလုပ်ပြီး ခံရတာမဟုတ်တာ ပရဟိတလုပ်ပြီးတော့ ဒီလိုခံရတယ်ဆိုတော့ ဒါမဖြစ်သင့်တဲ့ကိစ္စလေ” ဟု ၎င်းက ပြောသည်။

သေဆုံးသွားတဲ့ အိုက်လာ (ခ) မောင်မာလှသည် အသက် ၂၇ နှစ်အရွယ် ကချင်တိုင်းရင်းသားတစ်ဦး ဖြစ်သည့်အပြင် လားရှိုးမြို့ရှိ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ဖမ်းဆီးအကျဉ်းကျခံရသည့် ကိုဇော်မျိုးအောင်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကယ်တင်ခဲ့ကြောင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်၏ အမာခံနယ်မြေကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကိုဇော်မျိုးအောင်ကို တွေ့ရှိပြီး ချက်ချင်းကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။

“အခုလို ကျနော်တို့ပရဟိတအသင်းအဖွဲ့ဝင် နှစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ် နှိပ်စက်၊ သတ်ဖြတ်တဲ့အပေါ်မှာ ရှုံ့ချတယ်။ ဒီလုပ်ရက်ကိုရော ရှုံ့ချတယ်။ တရားသောစစ်ပဲ နိုင်ပါစေ” ဟု အထက်ပါ ပုဂ္ဂဂိုလ်တစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲများကြား ဒေသခံ အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး မြို့တွင်းတွင် ရုပ်အလောင်းများ မကောက်နိုင်အောင် ရှိနေသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်စပြီး ဇူလိုင် ၃၁ ရက်အထိ သျှမ်းပြည် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရပ်သား စုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရှိထားကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...