Sunday, May 5, 2024

ကျောက်မဲမြို့

ကျောက်မဲမြို့ တရက်တည်း ကိုဗစ် လူနာနှင့် သံသယ ရှိသူ (၁၀)ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာအပါအဝင် သေဆုံးသူ တစ်ရက်တည်း (၁၀) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၁၀) ရက်နေ့က ကျောက်မဲပြည်သူ့ဆေးရုံမှာ အတည်ပြု လူနာ (၂) ဦးအပါအဝင် နေအိမ်တွင် သံသယ လူနာများ စုစုပေါင်း (၁၀) ဦးခန့် သေဆုံးသွားကြောင်း...

ကျောက်မဲမြို့ တစ်ရက်တည်း သေဆုံးသူ ၁၂ ရှိ

သျှမ်းမြောက် ကျောက်မဲမြို့ တွင် သြဂုတ် ၃ ရက်(ယမန်နေ့)က တရက်တည်း သေဆုံးသူ (၁၂)ဦးထိ ရှိခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ (၂)ဦးပါဝင်ကြောင်း စုံစမ်းသိရသည်။ “အများအားဖြင့် သက်ကြီးပိုင်းနဲ့ ဆီးချို၊ သွေးတိုး တို့လို ရောဂါအခံရှိတဲ့သူတွေ သေတာများတယ်၊ အောက်ဆီဂျင်ရှူနေရတဲ့ လူနာတွေလည်း ပါတယ်၊ မနေ့ကတော့ ကိုဗစ်အတည်ပြုလူနာထဲက...

ကျောက်မဲမြို့အကြောင်းရင်းမသိ သေဆုံးသည့် အလောင်းတစ်လောင်းတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ယမန်နေ့ (ဇူလိုင် ၈)ရက် ညနေ (၆)နာရီဝန်းကျင်တွင် အကြောင်းရင်းမသိ သေဆုံးနေသည့်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ကျွဲကုန်းဘုန်းကြီးကျာင်း အနီးတွင် အလောင်းတစ်လုံးကို တွေ့ရှိနေကြောင်း ရွာသူရွာသားများက နမ့်ခုံးရှမ်းများပရဟိတအသင်းကို အကြောင်းကြားလာပြီးနောက် သွားရောက် သယ်ဆောင်ပေးခဲ့ကြောင်း အသင်းရဲ့...

ကျောက်မဲမြို့တွင် ဈေးများ၊ စားသောက်ဆိုင်များ ပိတ်သော်လည်း ကျောင်းများပိတ်မည်မဟုတ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဈေးများရက်အကန့်အသတ်မရှိပိတ်ရန်၊ စားသောက်ဆိုင် များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားသော်လည်း စာသင်ကျောင်းများ မပိတ်ကြောင်း သိရသည်။ ကျောက်မဲမြို့ပေါ်ရှိ ဗဟိုဈေးကြီးနှင့် ဈေးသစ်(ဈေးလေး) အပါအဝင် ညဈေးတန်းများကို ဇူလိုင်လ (၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားရန်နှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်ရောင်းချခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးရန်...

ကျောက်မဲမြို့ နောင်ပိန်ဈေးအနီး အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ဈေး၏ တောင်ဖက်ထွက်ပေါက် အနီးတွင် ယနေ့(ဇွန် ၂၆)ရက် မနက် (၇)နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ပစ်သတ်ခံရသည့်အမျိုးသားသည် ကျောက်မဲမြိုနယ်အတွင်း၊ နမ့်ဝရွာတွင် နေထိုင်သူ အသက်(၄၈)နှစ်ရှိ စိုင်းယုံဆိုသူဖြစ်ပြီးသေနတ် (၃)ချက် ပစ်သတ်ခံရကြောင်း သိရသည်။ "လူနှစ်ယောက်က ဆိုင်ကယ်စီးလာပြီး သေနတ်နဲ့ (၃)ချက်...

ကျောက်မဲမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပရိဟိတ အဖွဲ့ဝင်တစ်ဦးကို ဇွန် (၁၉) ည (၁၁)ဝန်းကျင် တွင် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၁၉ ရက် ည (၁၁)နာရီ တွင် ဓမ္မရဏိတ ပရဟိတ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် (၅၀)နှစ် အရွယ်ရှိ ဦးကျော်သိန်းကို...

ကျောက်မဲမြို့ ဆံပင်ညှပ်ဆိုင် ဝန်ထမ်းတစ်ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ဇွန်လ (၂)ရက် ညနေပိုင်းက ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်နေသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီ မှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်နေသည့် အသက် (၃၀) အရွယ်ရှိ စိုင်းရွှေထွန်း ကို စစ်ကောင်စီ အုပ်စုမှ...

ကျောက်မဲမြို့ တခါမျှ မကြုံဖူးသည့် ရေကြီးရေလျှံဖြစ်

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ (မေ ၁၉) ရက် မနက်အစာပိုင်း ၂ နာရီက မိုးသည်းထန် ရွာသွန်မှုဖြစ်ပွား တကြိမ်တခါမျှ မကြုံဖူးသည့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ရေကြီးရေလျှံဖြစ်ပွားမှုကြုံရသည့်နေရာများမှာ ကျောက်မဲမြို့ ရပ်ကွက် (၃၊ ၈ ၊ ၉ )...

ကျောက်မဲမြို့ လူငယ်(၂)ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား၊ မိသားစုဝင်နှင့် အဆက်အသွယ် မရသေး

သျှမ်းပြည်‌ မြောက်ပိုင်း ကျောက်မဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီ မှ လူငယ်(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့ အချိန်ထိ သတင်း တစုံတရာမကြားသည့်အပြင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ဖမ်းဆီးသွားသည့် သူများမှာ အသက် (၁၇)နှစ်အရွယ် ရဲမင်းပိုင်း နှင့် အသက် (၂၇)နှစ်အရွယ် ကျော်ဇင်ဗိုလ်...

ကျောက်မဲမြို့ ညအချိန်မတော် သေနတ်ပစ်ခတ်မှု မကြာခဏဖြစ်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် မုံလာခြံကျေးရွာတွင် ယမန်နေ့(ဧပြီ ၈)ရက် ည ၁၁နာရီ ဝန်းကျင် ခန့် တွင် သေနတ်ပစ်ဖောက်သံကြားနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ည (၁၁)နာရီ အချိန်တွင် ကျောက်မဲမြိုု့နယ် မုံလာခြံကျေးရွာအတွင်းသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်မှဆိုင်ကယ်ဖြင့် ဝင်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့်...

Latest news