Wednesday, January 28, 2026

ငှက်ပျောဖူးဆင်းခူးသည့် ကျောက်မဲက လင်မယား မိုင်းနင်းမိ အမျိုးသားသေဆုံး

သျှမ်းမြောက် ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာတွင် ငှက်ပျောဖူးဆင်းခူးသည့် လင်မယား မိုင်းနင်းမိပြီး အမျိုးသားသေဆုံးခဲ့ကြောင်း သတင်းရရှိကြောင်းသိရသည်။

ကျောက်မဲမြို့ ရပ်ကွက်(၇) နှစ်မိုင်ကုန်းတွင် နေထိုင်သူများဖြစ်သည့် လင်မယား(၂)ဦး နမ့်မန်း − ပုံးလုံကျေးရွာသွားလမ်းဘေးတွင် ငှက်ပျောဖူး သွားခူးရာမှ မိုင်းနင်းမိကာ အမျိုးသား သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“နမ့်မန်းကနေ ပုံးလုံရွာကို တက်တဲ့ လမ်းဘေးမှာ ယောက်ျားဖြစ်သူက ငှက်ပျောဖူးသွားခူးရင်း မိုင်းနင်းမိတာ၊ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံး ဒဏ်ရာတွေ ရထားတာတွေ့တယ်၊ မိန်းမက လမ်းဘေးမှာပဲ စောင့်နေလို့ ဒဏ်ရာမရဘူး” ဟု နမ့်မန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သြဂုတ်လ (၁၉)ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်တွင် အဆိုပါနေရာ၌ မိုင်းနင်းမိခဲ့တာဖြစ်ပြီး အမျိုးသားဖြစ်သူ အသက် (၃၅)နှစ်အရွယ်ရှိ ကိုကျော်လွင်မှာ မိုင်းစထိမှန်သော ဒဏ်ရာများဖြင့် သေဆုံးခဲ့တာ ဖြစ်ကြောင်း စုံစမ်းသိရသည်။

ထိုဒေသတို့ လာရောက်သူများအနေဖြင့် ဒေသခံများထံ ကြိုတင်စုံစမ်းပြီးမှ သွားလာစေချင်ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီရွာဘက် လာတဲ့သူအားလုံးကို သတိထားစေချင်ပါတယ်၊ မလာခင်မှာ ဒီနယ်မြေအနေအထားကို အရင်စုံစမ်းပြီးမှ လာကြပါ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ မလာစေချင်ဘူး၊ အန္တရာယ်များလွန်းလို့ပါ” ဟု နမ့်မန်းဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်မန်းကျေးရွာအနီးတစ်ဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်အတွက် အချို့နေရာများတွင် ဒေသခံများကိုယ်တိုင် သွားလာခြင်းမပြုလုပ်ကြောင်း၊ ယခုကာလ မှိုရှာ၊ မျှစ်ချိုးလာသည့် အခြားဒေသမှ ပြည်သူများအတွက် အန္တရာယ်ပိုရှိနိုင်သည့်အတွက် သတိပိုထားသင့်ကြောင်း ဒေသခံများက ပြောသည်။

ယခု သြဂုတ်လအတွင်း အဆိုပါ ကျောက်မဲ − မိုင်းငေါ့ လမ်းမကြီးပေါ်ရှိ နမ့်မန်းကျေးရွာအနီးတွင် မိုင်းနင်းမိမှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ (၁၅)ရက်နေ့တွင်လည်း မျှစ်ချိုးလာသည့် သားအဖ (၂)ဦး မိုင်းထိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...