ကျောက်မဲမြို့ ရေကြီးရေလျှံမှုဖြစ် နေအိမ် (၄၀၀)ဝန်းကျင် ရေဝင်ရောက်

သျှမ်းမြောက် ကျောက်မဲမြို့ ယနေ့(စက်တင်ဘာ ၂၀ ရက်) မနက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး နေအိမ် (၄၀၀)ခန့် ရေဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၂၀ ရက်)တွင် နမ့်စမ်းငေါင်းချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေးတစ်လျှောက် ရှိ နေအိမ်များနှင့် တစ်ချို့ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေကြီးတာက အဓိက ရပ်ကွက်(၆)ကွက်မှာပါ၊ နမ့်စမ်းငေါင်းချောင်းဘေးတစ်လျှောက်မှာတော့ ပိုဆိုးတယ်၊ ရေဝင်ရောက်တဲ့ နေအိမ်လည်း (၄၀၀)ဝန်းကျင်လောက်ကို ရှိမယ်၊ ချောင်းဘေးမဟုတ်ဘဲ ရပ်ကွက်တွေထဲမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်” ဟု ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့တွင် ယမန်နေ့ စက်တင်ဘာလ (၁၉)ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်(၆)အတွင်းနေအိမ်တစ်ချို့နှင့် နမ့်စမ်းငေါင်းချောင်းဘေးတစ်လျှောက်တွင် ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့တွင် နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ် ရေလျှံမှုက ယခင်နှစ်များထက် ဆိုးရွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရေကြီးတာက နှစ်တိုင်းဖြစ်တယ်၊ ဒါပေမယ့် ဒီနှစ်က တော်တော်ဆိုးတယ်၊ ဒီလို မဖြစ်တာ (၄)နှစ်လောက်ရှိပြီ၊ တောင်ကျရေတွေလည်း အရမ်းများလို့ ရေကြီးတာ ပိုဆိုးသွားတယ်လို့ ထင်တာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့သည့်အပြင် မြို့တွင်းရှိ နမ့်စမ်းငေါင်း ချောင်းကူး တံတား တစ်ချို့ကိုလည်း ယာယီပိတ်ထားခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

ကျောက်မဲမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် စစ်မှုထမ်း စတင်ခေါ်နေ၊ လူစားထိုးထည့်ရန် ငွေကောက်

0
သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်နှင့် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများတွင် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေပြီး စစ်မှုထမ်းစေလွှတ်ရန် လူမရှိခြင်းကြောင့် လူစားထိုးရန် အုပ်ချုပ်ရေးမှူးများမှ ငွေကောက်ခံနေကြောင်း ကျောက်မဲဒေသခံများက...

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...