Wednesday, January 28, 2026

ကျောက်မဲစစ်ကောင်စီမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွား

သျှမ်းမြောက် ကျောက်မဲ မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၂၃)ရက် ည (၉)နာရီ ဝန်းကျင်က ရပ်ကွက် (၇) သံလမ်းအနီးနေ အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

“ဘာလို့ ဖမ်းသွားလဲတော့ သေချာ မသိရသေးဘူး၊ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး အိမ်ထဲ ဝင်မွှေသွားတယ်၊ လပ်တော့တွေ၊ ဖုန်းတွေ ယူစစ်တယ်လို့တော့ ကြားတယ်၊ အဲ့တာတွေလည်း သိမ်းသွားပြီ၊ ဘေးအိမ်မှာနေတဲ့ သူတွေရဲ့ ပိုက်ဆံ နဲ့ ရွှေတွေလည်း ယူသွားတယ်လို့ ကြားတယ်၊ ဘယ်လောက်ပါသွားလဲတော့ သေခြာ မသိရဘူး” ဟု အမည်မဖော်လိုသူ အသက် ၄၀ကျော် ဒေသခံ တစ်ဦးက ပြောသည်။

ထို ဖမ်းဆီးခံရသည့် အမျိုးသားသည် ကျောက်မဲမြို့မှ တောင်ပေါ် (ခြုံးသစ်ကျေးရွာ) ဘက်သို့ လက်ဖက်ကုန်များ သယ်ဆောင် သွားလာနေသူ ဖြစ်ကြောင်း သိရသည်။

“သူက ဒီတိုင်း ရိုးရိုးကားမောင်းတဲ့သူပဲ၊ တောင်ပေါ် နဲ့ မြို့ထဲကို လက်ဖက်တွေ တင်ပြီး သွားလာတယ်လို့တော့ ကြားတယ်၊ အဲ့ည (ယမန်နေ့)က သူတို့အိမ်ပဲ လာစစ်တာမဟုတ်ဘူး၊ သူ့ ဘေးက အိမ်တွေလည်း စစ်ဆေးမေးမြန်း ခံရတယ်၊ ခု ဘယ်ကို ခေါ်သွားလဲ သေချာ မသိဘူး၊ ဒီမြို့မှာက စစ်ဆေးတာ ဖမ်းခံရတာတွေ ပိုများလာတယ်၊ လုံခြုံမှုကို မရှိတော့ဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ကျောက်မဲမြို့တွင် ယခုလအတွင်း မြို့ပေါ်ရှိ ဒေသခံလူငယ်များ အပါအဝင် နောင်ပိန်ကျေးရွာမှ သက်ကြီး အမျိုးသားတစ်ဦးကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် မြို့တွင်း ရပ်ကွက်များတွင်လည်း လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်ခြင်း ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...